Unicode
ဧည့်သည်တွေအကုန်ထွက်သွားတော့သာမန်ထပ်ပိုတိတ်ဆိတ်ခြောက်ကပ်သွားတဲ့အိမ်ကြီး။ပြောစရာတွေပြည့်နှက်နေပေမယ့်တကယ့်တကယ်ဘာတစ်ခွန်းမှမပြောဖြစ်သေး။
ငယ်လေးက သူပြန်လာချိန်တိုင်းစောင့်နေတတ်တဲ့ဆိုဖာဘေးမှာ ဘေးကပ်ပြီးထိုင်နေတယ်။ ကြည့်ရတာ သူ့ကိုစကားစပြောဖို့ဝန်လေးနေတယ်ထင်ပါ့။
Hoseokအနေနဲအခုလိုအခြေအနေကြီးကိုလက်ခံဖို့ခက်ယဉ်းနေသည်။အိပ်မက်သာဖြစ်လိုက်ပါတော့လို့ခဏခဏပြောမိနေပေမယ့်ဆုတောင်းတွေမပြည့်ခဲ့ပါ။ပိုင်ဆိုင်ဖို့ထိရည်ရွယ်ခဲ့ပါရက်နဲ့ ခုတော့များ တခြားသူအပိုင်ဖြစ်နေလေပြီ။ အိပ်ခန်းထဲကိုဝင်၍ Londonကပြန်ရောက်ကတည်းကမဖွင့်ရသေးသောLuggageကိုဖွင့်ကာလက်စွပ်ဘူးလေးကိုထုတ်လိုက်သည်။စွေးစွေးနီတဲ့ကတ္တီပါဘူးကိုဖွင့်လိုက်တော့ရိုးရိုးရှင်းရှင်းလက်စွပ်ဆင်တူလေးနှစ်ကွင်းကယှဉ်လျက်သား။တစ်စုံတစ်ယောက်ဖြစ်တဲ့သူ့ရဲ့မပိုင်ဆိုင်လိုက်ရတဲ့လူလေးကို သူ့ရဲ့အချစ်တွေကိုဝန်ခံတဲ့အချိန်မှာ ပေးဖို့ကြံရွယ်ခဲ့ပေမဲ့ အခုတော့အချည်းနှီးသာ။ ဆိုင်ထဲကိုဝင်ပြီးလက်စွပ်ရွေးတော့Hoseokဘယ်လောက်တောင်အကျပ်ရိုက်ခဲ့သလဲဆိုတာ တွေးမိပြန်တော့ ပြုံးမိသွားပါရဲ့။ ပျော်လို့ဖြစ်ပေါ်လာတဲ့အပြုံးတော့ဟုတ်မည်မထင်ပေ။ ကိုယ့်အတွက်လက်စွပ်ကတော့ဝတ်ကြည့်ပြီးတော်ရင်ယူလိုက်လို့အဆင်ပြေပေမယ့်အငယ်လေးလက်ချောင်းsizeကိုသူကမမှန်းတတ်။ ဆရာ့အမျိုးသမီးအတွက်ဆိုပြီးစကားဆိုလာတဲ့အရောင်းဝန်ထမ်းကောင်မလေးကို ရှက်ပြုံးပြုံးကာ ခုမှကြိုးစားကြည့်မို့ပါလို့ပြန်ဖြေခဲ့ရသေးတာ။
လက်စွပ်တစ်ကွင်းကိုထုတ်လိုက်ကာခေါင်းအုံးအောက်မှာထားခဲ့ပြီးအပြင်ထွက်လာလိုက်တော့ ခုနကထိုင်နေတဲ့နေရာလေးအတိုင်းTaehyungက ထိုင်နေတယ်။ Hoseokကိုတွေ့တော့ကျောလေးမတ်ပြီးတောင့်တောင့်လေးဖြစ်သွားတာမို့Hoseokကပင်အရင်စကားစကာ
"အငယ်လေးအတွက်ကိုယ်လက်ဆောင်ဝယ်လာတာပေးမလို့..အခုတော့လက်ဖွဲ့ဖြစ်သွားတာပေါ့လေ"
KAMU SEDANG MEMBACA
𝐓𝐡𝐢𝐧𝐠𝐬 𝐈 𝐍𝐞𝐯𝐞𝐫 𝐓𝐨𝐥𝐝 𝐘𝐨𝐮
Fiksi Penggemarတစ်ချိူ့သောအရာတွေကို နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံးမှာသော့ခတ်သိမ်းထားလိုက်တယ်.. အမှန်တရားနဲ့သွေဖယ်နေတာမလို့ ထယ်မသိလည်းအဆင်ပြေပါတယ်.. Jungkook x Taehyung