20

1.1K 98 8
                                    


Unicode

နေရောင်ခြည်နုနုက မျက်နှာပေါ်ရောက်လာချိန်မှာ Jungkookမျက်ခုံးနှစ်ဖက်မှာ သိသိသာသာစုကျုံ့သွားရသည်။ တိုက်ခတ်နေတဲ့လေတဖြူးဖြူးနဲ့ မနက်ခင်းနေရောင်ခြည်ကြောင့် မျက်ခွံလွှာတို့မှာ တဖြည်းဖြည်းဖွင့်ကြည့်လာချိန်မှာတော့ သူရောက်နေတဲ့နေရာက ‌ဝရံတာကိုရောက်နေတာ။ ညကအကြောင်းကိုပြန်သတိရမိတော့မှ Taehyungကိုစိတ်ဆိုးမိပြီး ခဏလောက်ဝရံတာမှာ ‌အိပ်ပျော်မိသွားကနေ ခုချိန်ထိဖြစ်သွားတယ်။

အခန်းထဲကို ဝင်လာတော့ ကုတင်ပေါ်မှာ စောင်လေးနဲ့ခွေပတ်နေပြီးခရုခွံလေးလို့အိပ်စက်နေတဲ့ ကောင်ဆိုးလေးက ဆက်ဆက်ထိမခံမာကျောလှတဲ့ကောင်လေးသာဆို မည်သူမျှပင်ယုံမည်မထင်။

ပြန်ပြီးအိပ်ချင်တဲ့ဆန္ဒလည်းမရှိတော့တာမို့ ရေချိုးခန်းဝင်ပြီးရေချိုးလိုက်သည်။ နောက် အောက်ထပ်ကိုဆင်းကာ Taehyungစားဖို့ရာမနက်စာအတွက် ပြင်ဆင်ပေးဖို့လုပ်ငန်းအစပြုရတော့တယ်။
မနေ့ညက တစ်ကယ်ပင်စိတ်ဆိုးမာန်ပြုခဲ့‌မိသော်လည်း မ‌နက်ရောက်လို့ရှိလျှင် ချစ်မိတဲ့သူ သူ့ဘက်ကသာလျှင်အလျှော့ပေးမိတာပါပဲ။

မနက်စာကိုကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ပြီးဂရုစိုက်ပေးမယ်ဆိုပြီး မပိုင်ဆိုင်ရခင်ချိန်ကတည်းကအ‌တွေးလေးရှိခဲ့တာမို့ ခုလိုလက်တွေ့ဘဝအကောင်အထည်ဖော်ခွင့်ရချိန်မှာသူနှေးလို့မရ။

ကော်ဖီတစ်ခွက်ရဖို့ ကော်ဖီစေ့တွေကိုကြိတ်စက်ထဲထည့်ကာ အရင်အမှုန့်ကြိတ်ရတယ်။ နောက်ပြီး ‌သဘာဝကစစ်မှန်တဲ့ကော်ဖီမှုန့်ကိုရလာချိန်မှာ ရေနွေးပူပူထဲထည့်လို့ ဆတူရောစပ်ကာဖျော်လိုက်သည်။အသင့်ရှိပြီးသား‌ ပေါင်မုန့်သားနုနုပေါ်ကို ထောပတ်ယိုလေးသုတ်ရင်း မနက်စာပြင်ဆင်ပေးမှုကို အဆုံးသတ်လိုက်တယ်။

"Jeon Jungkookတို့များ ပြောရလွတ်ကုန်ပြီ"

အနောက်ကျောဘက်ကကြားလိုက်ရတဲ့အသံလာရာကို အကြည့်ပို့မိတော့ Mommyက သူ့ကိုကြည့်ပြီးပြောနေတာ။ Mommyကလည်း မနက်စာပြင်ပေးဖို့ထလာတာဖြစ်မယ်ထင်ပါတယ်။

"Taehyungကို မနက်စာကိုယ်တိုင်လုပ်ကျွေးချင်လို့ပါ"

"အိမ်ထောင်ကျသွားရင် ပြောင်းလဲသွားတယ်ဆိုတာ Jeon Jungkookတို့က သက်သေပြနေပြီ"

𝐓𝐡𝐢𝐧𝐠𝐬 𝐈 𝐍𝐞𝐯𝐞𝐫 𝐓𝐨𝐥𝐝 𝐘𝐨𝐮Where stories live. Discover now