Uni
ဆိုးလ်မြို့ရဲ့မနက်ဝေလီဝေလင်းအချိန်ပေမယ့်စောစောအိပ်ယာထတတ်တဲ့ကိုယ့်အတွက်လေ့ကျင့်ခန်းလုပ်ပြီးတော့ရေမိုးပင်ချိုးပြီးနေတဲ့အချိန်ပင်။အရှေ့ဘက်ကနေရောင်ခြည်ပျိုးစပေါ်နေပြီ။ ထုံးစံအတိုင်းClassic သီချင်းတွေကိုတိုးတိုးညင်ညင်ဖွင့်ထားပြီးမနက်စာပြင်ဆင်နေလိုက်တယ်။သီချင်းဆိုရင် Classic typeဘဲသဘောကျမိတာမလို့ အမြဲနားထောင်ဖြစ်တာ။ နောက်ဆုံးEspresso၂ခွက်ဖျော်ပြီးနာရီကိုကြည့်လိုက်တော့၆နာရီအတိ။
အခန်းထဲဝင်ပြီးအလုပ်သွားဖို့အဝတ်အစားလဲနေစဉ်တွင် အပေါ်ထပ်ကတရမန်းကြမ်းဆင်းလာတဲ့ခြေသံသုတ်သုတ်ကိုကြားတော့Hoseokမျက်မှောင်ကြုတ်မိလိုက်မိ၏။အထပ်ထပ်မှာထားရဲ့သားနဲ့လှေကားထစ်တွေကိုပြေးဆင်းလာပြန်ပြီ။အင်္ကျီကြယ်သီးအစေ့တပ်ပြီးနောက် လက်အနားကိုသပ်ရက်စွာခေါက်တင်လိုက်ပြီးအခန်းပြင်ထွက်လာတော့အိပ်မှုန်စုတ်ဖွားရုပ်ဖြင့်ထမင်းဝိုင်းနားတွင်ယို့ယို့လေးရပ်နေသောကောင်လေး။
လက်ပတ်နာရီကိုတမင်ထပ်ကြည့်ပြတော့ခေါင်းပိုငုံ့သွားပြန်သည်။ဘာစကားမှမပြောဘဲထမင်းဝိုင်းမှာဝင်ထိုင်တော့သူပါယောင်တောင်တောင်လေးလိုက်ထိုင်ပြန်သည်။ထိုင်ပြီးပြန်တော့လဲသူ့မျက်နှာထားကိုသာအကဲခတ်နေပြီးမနက်စာကိုတို့တောင်မတို့သေးတာမို့
"အငယ် ဘာလုပ်နေတာလဲ စားလေ မျက်နှာရောသစ်ခဲ့ရဲ့လား"
"ဟို...ဟို ကိုကြီးကစားလို့မပြောသေးလို့လေ"
"ဒါတော့တသွေမတိမ်းနားထောင်သားပဲ"
မနက်စောစောထခိုင်းရင်တော့အကြောင်းအမျိုးမျိုးပြပြီး၅မိနစ်၁၀မိနစ်ကတော့နောက်ကျနေကျTaehyungမှာ သွားအဖြီးသားလေးနဲ့မျက်နှာချိုသွေးနေပြန်သည်။Hoseokကတော့တိတ်ဆိတ်စွာမနက်စာစားနေရင်းIpadကတစ်ဖက်ဖြင့်Appointmentယူထားတဲ့လူနာစာရင်းကိုပြန်စစ်ဆေးနေသည်။
မနက်စာစားနေတဲ့တစ်လျှောက်လုံးစကားများတာမကြိုက်တဲ့ကိုကြီးကြောင့်Taehyungတိတ်တိတ်လေးသာစားနေခဲ့သည်။လုံးဝမကြိုက်တဲ့Coffeeခါးခါးတွေလဲကိုကြီးဖျော်ပေးထားတာမို့အထွန့်မတက်ဘဲတကျိုက်တည်းမော့ပစ်လိုက်သည်။ coffeeသောက်ပြီးတော့ကိုကြီးက ပေါင်တင်ပုဝါကိုတောင်ပြန်ခေါက်သိမ်းနေပြီ။ စားပွဲဝိုင်းကမထခင်Taehyungပြောစရာရှိသေးတာကြောင့် စကားစဖို့ပြင်လိုက်တယ်။
KAMU SEDANG MEMBACA
𝐓𝐡𝐢𝐧𝐠𝐬 𝐈 𝐍𝐞𝐯𝐞𝐫 𝐓𝐨𝐥𝐝 𝐘𝐨𝐮
Fiksi Penggemarတစ်ချိူ့သောအရာတွေကို နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံးမှာသော့ခတ်သိမ်းထားလိုက်တယ်.. အမှန်တရားနဲ့သွေဖယ်နေတာမလို့ ထယ်မသိလည်းအဆင်ပြေပါတယ်.. Jungkook x Taehyung