Uni
"နောက်တစ်နေရာ ဘယ်သွားချင်လဲ"
"အင်းး မသိသေးဘူး"
ခုရောက်နေတဲ့နေရာက ကော်ဖီဆိုင်တစ်ဆိုင်မှာဖြစ်ပြီး ဒီဆိုင်ကိုသွားဖို့ရွေးတာကတော့ Taehyungမဟုတ်ဘဲ Jungkookကရွေးလိုက်တာ။ ကော်ဖီဆိုင်ကို အရောင်မှိုင်းမှိုင်းလေးတွေနဲ့ပြင်ဆင်ထားပြီး Decorationကအစ ကော်ဖီကြိုက်သူတွေအများစုကြိုက်လောက်မဲ့ရိုးရှင်းပြီး သစ်လွင်တဲ့Decorationအပြင်အဆင်ကိုသုံးထားတာမို့ Taehyungအတော်သဘောကျမိတယ်။ တစ်ဆက်တည်း ဒီလိုဆိုင်ကောင်းကောင်းကို Jungkookဘယ်လိုများသိလဲလို့တွေးမိရင်း
"ဒီလိုကော်ဖီဆိုင်မျိုးကို ဘယ်လိုသိတာလဲ"
"ငါက ကော်ဖီကြိုက်တော့ ကော်ဖီဆိုင်အတော်များများကိုသိတယ်လေ..အဲ့ဒီဆိုင်တွေထဲက အကောင်းဆုံးငါအကြိုက်ဆုံးဆိုင်ကို မင်းကိုခေါ်လာခဲ့တာ ဘယ်လိုလဲ သဘောကျတယ်မလား"
"အင်း သဘောကျတာပေါ့.."
"ကော်ဖီသောက်ရတာကို ဘယ်အရွယ်ကတည်းက စသဘောကျတာလဲ"
"အဲ့ဒီလိုမျိုးကြီးဘယ်လိုလူကများ ထွေထွေထူးထူးမှတ်ထားတတ်လို့လဲ..ပြောလိုက်ရင် အထူးအဆန်းတွေချည်းပဲ"
Taehyungရဲ့စကားအပြောမှာ မေးလိုက်မိတဲ့Jungkookမှာနေရခက်လို့ဂုတ်ပိုးကိုခပ်ဖွဖွပွတ်ရင်း ရယ်ပြလိုက်ရတယ်။ စကားမရှိစကားရှာပြီး ပြောနေတဲ့စကားဝိုင်းလေးမတိတ်ဆိတ်သွားအောင်လိုက်ပြီး စကားစနေရပေမဲ့ တစ်ဖက်ကစကားတွေကြောင့်ဘာဆက်ပြောရမလဲတွန့်သွားတဲ့အထိ။
စားပွဲပေါ်က ပေါင်မုန့်လေးကိုမြင်တော့နှိုက်စားမလို့ကြံလိုက်ပေမဲ့ Taehyungမှာထားတဲ့မုန့်မလို့"ဒါလေးစားလို့ရလား"
"အင်း စားလေရတယ်..ဒီဘက်ကတစ်ခုကိုမစားနဲ့ ခုနကငါတစ်ဖဲ့စားထားပြီးသား"
"ရပါတယ် ငါကအဲ့ဒီလိုမျိုးမရွံတတ်ပါဘူး"
တစ်ချက်ချက်ဆို မထင်ရင်မထင်သလိုစိတ်ဆက်ပြီး ကန့်လန့်တိုက်တတ်တဲ့Taehyungအကျင့်ကြောင့် မုန့်ကိုနှိုက်မစားခင် ခွင့်တောင်းနေရတာပင်။ခုလိုမျိုးအတူတူလျှောက်သွားရတဲ့ အချိန်လေးတွေကို များများစားစားလိုချင်မိပါရဲ့။
YOU ARE READING
𝐓𝐡𝐢𝐧𝐠𝐬 𝐈 𝐍𝐞𝐯𝐞𝐫 𝐓𝐨𝐥𝐝 𝐘𝐨𝐮
Fanfictionတစ်ချိူ့သောအရာတွေကို နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံးမှာသော့ခတ်သိမ်းထားလိုက်တယ်.. အမှန်တရားနဲ့သွေဖယ်နေတာမလို့ ထယ်မသိလည်းအဆင်ပြေပါတယ်.. Jungkook x Taehyung