ဆောနူ ကို မေမေက အကိုဂျေးဆီ အတင်းသွားခိုင်းနေ၍ ဂျေးဆီ လာခဲ့သည်ဟူး မနက်က ဘယ်သွားလည်း ဘာလို့ ဖုန်းမကိုင်လည်း မေးပြီး ဆူတော့မှာ သိတယ် ဟာ မသွားချင်ပါဘူး
ဒါပေမယ့်လည်း ရောက်လာတာဘဲ မှောင်မိုက်နေပုံကြည့်ရတာ အကိုဂျေးတို့ မိသားစု ပြန်မရောက်သေးဘူးထင်တယ်
ခြံစောင့် ဦးလေးကြီး နဲ့ ထမင်းချက် အဒေါ်ကြီးတော့ ရှိနေမှာ ဖြစ်၍ ဆောနူ ဝင်လာခဲ့သည်
ဧည့်ခန်းမီး ဖွင့်ရင်း ဧည့်ခန်း ထဲမှာ ထိုင်နေတုန်း ရှိသေး
ဒုန်း ခွမ်း
အိမ်ပေါ်ထပ်က ဆူညံနေသည့် အသံများ
ဘာလည်း သူခိုးလား မဖြစ်နိုင်ပါဘူး ဖြစ်နေရင်ကော အိုက် မဟုတ်လောက်ဘူး
ဆောနူ စိတ်လျှော့ရင်း အပေါ်ထပ်ကို ဖြေးညင်းစွာ တက်လာခဲသ့ည်
ဒုန်း
ဒါ အန်တီတို့ အခန်းကဘဲ ထိုအခန်းရှေ့ ဖြေးဖြေးချင်း သွားရင်း တံခါးအား ဖြေးဖြေးလေး ဖွင့်လ်ုက်သည်
တုတ်အား မြှောက်လိုက်ပေမယ့် ရှေ့က လူသားကြောင့် ဆောနူ မလှုပ်မယှက် ငြိမ်သက်သွားမိသည်
ဆောင်းဟွန်းနီးက ဘေ့စ်ဘောတုတ် ကိုင်ထားပြီး ဘေးမှာလည်း မှန်အကွဲစတွေ အလှပြင်စပ္စည်း အကွဲတွေ အကျီတန်းတွေ
ဆောင်းဟွန်းက သူ့အား စူးစူးဝါးဝါးကြည့်နေသည်
" ဆောင်းဟွန်းနီး''
" ကင်ဆောနူ ''
ဆောင်းဟွန်းနီးရဲ့ ယခု ပုံရိပ်တွေက ဆောနူအား အထူးအဆန်းဖြစ်နေသည်
မဟုတ်ဘူး ဒီလို မြင်ကွင်းမျ်ူး မြင်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးတာလည်း ဖြစ်နိုင်၏
တီး တီး
ကားဟွန်း တီးသံကြားရ၍ အကိုဂျေးတို့ ပြန်လာလောက်ပြီ
" ဆောင်းဟွန်းန်ိး မြန်မြန်သွားတော့ သူတို့တွေ ဆောင်းဟွန်းနီးကို တစ်ခုခု လုပ်လိမ့်မယ် မြန်မြန်သွား ''
ဆောနူ၏ အသံတွေ တုန်ရီနေကာ ဆောင်းဟွန်းအား ပြတင်းပေါက် ဆီအတင်းတွန်းထုတ်နေသည်
YOU ARE READING
ကိုယ့်ရဲ့ ကြယ်ကလေး (Sunshine)complete
Romanceအမှောင်ထုတွေကြားမှ ကျနော့်အား ကင်ဆောနူဆိုသည့်ကြယ်ကလေး ဟာ လမ်းပြပေးခဲ့သည် သို့သော် ကင်ဆောနူဟူသည့်ကြယ်ကလေးတောက်ပဖို့ ကျနော်ဟာ အမှောင်ထုသာဖြစ်ချင်ခဲ့သည် ထိုအခါ ကြယ်ကလေးက အ မှောင်ထုထဲသို့ ရူးမိုက်စွာ နှင့် တိုးဝင်လာခဲ့၏ Sunsun sunjay Start date. 30 .11...