ep15

164 23 0
                                    


ဟိုဘက်က ဆောနူတို့ ဝိုင်းလေးမှာတော့ စကားသံတွေဟာ ဆူညံနေဆဲပင်။

" ဆောနူ ရရဲ့လား '

" ဟုတ် အခု မစပ်တော့ပါဘူး '

" ဟူး တော်သေးတာပေါ့ ဆောနူသာ တစ်ခုခုဖြစ်ရင်ဂျေးက အမကိုသတ်မှာ '

" ဟင်း '

" အမယ်လေး မသိရင် အဖွဲ့ခေါင်းဆောင်က အမေ ပတ်ဂျေးက အဖေ ဆောနူက ကလေး မိသားစုကျနေတာဘဲ '

" အမယောငိးဆုပြောတာမှန်တယ် '

ဆောနူကပါ ထောက်ခံ၏ အဖြူထည်လေးက ဂျေးရဲ့ အဖြူရောင်ထက်ပိုကာစွန်းထင်းနေသည့် စိတ်ကလေးကို သိပုံမရပေ။

" ဟယ် အတွေးတွေများနေပြီနော်ဘာလည်း '

" တော်ကြစမ်း ဂျေးသိရင်စိတ်ဆိုးတော့မယ် '

" ရှက်နေပြီ ရှက်နေပြီ '

ဆောနူတို့ဝိုင်းလေး၏ စနောက်ဆူည​ံသံတွေကြားစူးဝင်လာသည့် အသံတစ်ခု။

" ကလေးကို ထိရအောင် ခင်ဗျားက ဘာလည်း'

" ပတ်ဆောင်းဟွန်း '

ဆောင်းဟွန်းက စားပွဲထိုးကောင်လေးအားခေါ်ကာ ဆိုင်ရှင်နှင့် စကားများနေသည်ထင်၏ ဆူညံသံတွေကြားမှ ကင်ဆောနူ စိတ်လှုပ်ရှားမှုတွေက အဆုံးထိမြှင့်တက်နေ၏

ပတ်ဆောင်းဟွန်းက်ု တွေ့တိုင်း ဘာလို့ ဒီလိုအရိုင်းအစိုင်းပုံစံနဲ့ဘဲ အမြဲလိုလို တွေ့နေရတာလည်း

ဆောင်းဟွန်း ခေါက်ဆွဲစားပြီး၍ ပိုက်ဆံရှင်းရန် waiter အား ခေါ်တော့ စားပွဲထိုးက ကြားပုံမပေါ်။

နဂိုကရင်း စိတ်မရှည်သူဖြစ်၍

" ဘာလုပ်နေတာလည်း မြန်မြန်လာလို့ '

ထိုအခါ ဆိုင်ရှင်က ကြားသွား၍ ရောက်လာကာ ဘေးက စားပွဲထိုးလေးအား
" yrrr ဘာလုပ့နေတာလည်း '

ဒေါသတကြီးပြောကာ ကောင်လေးအားရိုက်ပြစ်လိုက်၏

" ယားး ဘာလုပ်တာလည်း ''

ဆောင်းဟွနိး၏ အော်သံကြောင့် တစ်ဆိုင်လုံးရှိ လူတွေ လှည့်ကြည့်လာသည်

" ဧည့်သည်က်ု စောင့်ခိုင်းမိလို့တောင်းပန်ပါတယ် '

" အဲ့ဒါနဲ့ဘဲ ကလေးက်ု ရိုက်စရာလား '

ကိုယ့်ရဲ့ ကြယ်ကလေး (Sunshine)completeWhere stories live. Discover now