ယနေ့ ဆောနူ အလုပ်မသွားဘဲ
အကိုဂျေးတို့company သွားခဲ့သည်ဒီဇိုင်းအားလုံး ဆွဲပြီးပြီ ဖြစ်၍ လုပ်စရာက အထူးတလည်မရှိသောကြောင့် ဖြစ်၏
အကိုဂျေး အတွက် နေ့လယ်စာ ထုတ်ပေးရင်း company လာခဲ့၏
ဒေါက် ဒေါက် ဒေါက်
ဂျေး အဖွဲ့ချုပ်စာရင်းစစ်နေတုန်း တံခါးခေါက်သံကြား၍
" အင်း ဝင်ခဲ့ '
ကျွီ
" ဟီး မဂ်လာပါ အကိုဂျေး ''
" ကင်ဆောနူ ''
" အင်း ဟီး ''
ပါးဖောင်းဖောင်းလေးတွေ မို့တက်နေအောင်ရယ်ပြရင်း ဂျေးရဲ့ဘေးရောက်လာ၏
" ဘာလာမွှေတာလည်း ဒါမှမဟုတ် ဘာဂျီကျချင်လို့လည်း '
" အားရှ် အဲ့ဒီလိုကြီး ဆီးပြော မှ ဖြစ်မှာလား ဟွန့် သူ့အတွက် နေ့လယ်စာက ထုတ်ပေးလာရသေးတယိ '
"အာ နေ့လယ်စာ ထုတ်ပေးတာလား မသိလို့ပါဗျာ '
" ဟင်း မေမေလုပ်ပေးလိုက်တာ '
" ဟင်း ဒါနဲ့ အလုပ်မသွားဘူးလား '
" အင်း ဒီနေ့ လုပ်စရာသိပ်မရှိလို့ '
" စားကြမယ်လေ အန်တီကင် လက်ရာကတော့ကောင်းမှာပါ '
" အားရှ် ဆောနူယူလာပေးလို့ပါနော် '
" ဟုတ်ပါပြီဗျာ ဟင်း ''
" အကိုဂျေး ဆေးသောက်ရအုံးမှာမလား '
" အာ ဟုတ်သားဘဲ ''
ဆောနူက နှလုံးအားတိုးဆေး နှင့် ရေတစ်ခွက်ယူလာကာ ဂျေးရဲ့ရှေ့ချပေးလာ၏
ဒီဆေးတွေ ကို မသောက်ချင်ဘူး ။ တကယ်က်ုခါးသက်နေရောဘဲ ။ ဒီလို ဘဝကြီး နဲ့ မနေချင်ဘူး။ သေဆုံးရမယ့် အချိန်ကို စောင့်နေရတဲ့ လူလိုမျိုးပေါ့
" ဘာလို့လည်း အကိုဂျေး '
" ဘာမှ မဟုတ်ဘူး စားရအောင် '
အကိုဂျေးမှာ နှလုံးဝေသနာခံစားနေရပြီး နှလုံးအစားထိုးကုသမှသာ ပျောက်လိမ့်မည်။
ရှားပါးသွေးဖြစ်၍ နှလုံးအလှူရှငိပေါ်မလာခဲ့ပေ။ အကယ်၍ ကိုက်ညီတဲ့ နှလုံးနဲ့ သွေး ရှိတဲ့သူ ပေါ်လာရင်တောင် အသက်ပေးပြီး လှူဖို့ဆိုတာခဲယဥ်းပါတယ်
YOU ARE READING
ကိုယ့်ရဲ့ ကြယ်ကလေး (Sunshine)complete
Roman d'amourအမှောင်ထုတွေကြားမှ ကျနော့်အား ကင်ဆောနူဆိုသည့်ကြယ်ကလေး ဟာ လမ်းပြပေးခဲ့သည် သို့သော် ကင်ဆောနူဟူသည့်ကြယ်ကလေးတောက်ပဖို့ ကျနော်ဟာ အမှောင်ထုသာဖြစ်ချင်ခဲ့သည် ထိုအခါ ကြယ်ကလေးက အ မှောင်ထုထဲသို့ ရူးမိုက်စွာ နှင့် တိုးဝင်လာခဲ့၏ Sunsun sunjay Start date. 30 .11...