ep 20

157 25 0
                                    

ကျတော့် ဘဝထဲ မတော်တဆရောက်လာသည့် ပတ်ဆောင်းဟွန်း။

သူဟာ ပထမဆုံး ကျတော့်ဘဝထဲ ရောက်လာတဲ့ ထူးဆန်းတဲ့ သူစိမ်းယောကျ်ားလေး

သူဟာ ကျတော့် ပထမဆုံးတွေကိုယူသွားတဲ့ ယောကျ်ားလေး

သူ့ကြောင့် ရင်ခုန်တတ်လာတယ် အချစ်ဆိုတာ ဘာလည်းသိလာတယ်

ပေါ့ပေါ့ပါးပါးသာ တွေးထားတဲ့ အချစ်က ဘယ်လောက်ထိ လေးနက်နေမလည်း မပြောတတ်ပေမယ့်ပေါ့။

ပတ်ဆောင်းဟွန်း နဲ့ စတွေ့ကတည်း​က အခုထိ
ကျတော်က ပတ်ဆောင်းဟွန်း အကြောင်း မသိသေးဘူးဘဲ

လူတွေကြားမှ လူတစ်ယောက်အား သေလုမျောပါး ဖြစ်တဲ့ထိ ရိုက်နှက်နေသည့် ပတ်ဆောင်းဟွန်းက အကြင်နာတရားမဲ့လိုက်တာ တကယ်ကို မိဘမရှိလို့ ရိုင်းစိုင်းမှန်း သိသာလိူက်တာ

ဒါပေမယ့် ပတ်ဆောင်းဟွန်း၏ အခုလို ပုံစံတွေ မြင်ရတော့ ကင်ဆောနူဟာ ရူးတော့မလိုဘဲ သနားတာလား ဒါမှမဟုတ် စိတ်ပျက်သွားသလားတော့ မသိ မျက်ဝန်းထဲ မျက်ရည်တွေက ပါးထက် တာကျိုးနေခဲ့ပြီ

" တော်ပါတော့ ဆောင်းဟွန်းနီးရယ် တော်ပါတော့ '

ဆောနူ မျက်ရည်မကျအောင်တင်းခံရင်း ပြောတော့ ပတ်ဆောင်းဟွန်း၏ လှုပ်ရှားမှုတွေက ရပ်တန့်ကုန်သည်

" မလုပ်ပါနဲ့ သူ သေ သွားလိမ့်မယ် ဒါက ဆောင်းဟွန်းကို ဒုက္ခရောက်စေလိမ့်မယ် '

ထိုအခါ ဆောင်းဟွန်းက ဆောနူအား စူးစိုက်ကြည့်လာ၏

ဘာလို့ ခင်ဗျားရဲ့ မျက်ဝန်းတွေက အမြဲတမ်း ဒေါသမီးတွေတောက်လောင်တေရတာလည်း

လူတွေကြားမှထွက်လာတော့ ဆောနူဆောင်းဟွန်းဆီသွားမိ၏

" ဆောင်းဟွန်းနီး အဆင်ပြေရဲ့လား ''

မျက်နှာပေါ်မှာလည်း ဒဏ်ရာတွေက အပြည့်

" မုန်းတယ် ''

" ဟင် '

" ငါ့ကို သနားသလိုကြည့်ရင် မုန်းတယ်လို့ '

ဆောင်းဟွန်းက ထိုစကားလေးပြောကာ ထွက်သွား၏

ဆောနူလည်း လိုက်သွားရန်ကြံတော​့ အကိုဂျေးက ဆွဲထား၏

ကိုယ့်ရဲ့ ကြယ်ကလေး (Sunshine)completeWhere stories live. Discover now