Part 6

12.8K 379 2
                                    

'မ'ရယ်..ကျွန်တော်ရယ်..အိမ်မက်တွေရယ်..
( part - 6 )
----------

မ ယူခဲ့သည့်Majorကိုပဲ သူလျှောက်ခဲ့၍ မသည် သူ့ရဲ့စီနီယာတစ်ဦးဖြစ်လာခဲ့ကာ စာမေးချင်လို့ဆိုသည့်အကြောင်းပြချက်ဖြင့် ခဏခဏစကားပြောခွင့်ရသည်။
ဒက်ဒီက သူတို့နှစ်ယောက်အတွက် ကားစီစဥ်ပေးတာမို့ အသက်ပြည့်နှင့်သော မ က ကားမောင်းကာ သူကဘေးကနေထိုင်ရရုံ။

"၁၈နှစ်ပြည့်ချင်ပြီ မ ဘေးကနေခုလိုမလိုက်ချင်ဘူး ကျွန်တော်ကပဲ ဦးစီးဦးဆောင်လုပ်ချင်တာ"

သူ့စကားကို မ ကမျက်လုံးလေးစွေကြည့်ရင်း မတုံ့ပြန်ဘဲ ရှေ့ကိုသာအာရုံပြန်ရောက်သွားသည်။
နမ်းမိပြီးကတည်းက မ သူ့ကိုလုံးဝလျစ်လျှူရှုထားခဲ့တာပြီး ကျေနပ်ခြင်း၊ မကျေနပ်ခြင်းကအစ တစ်ခွန်းမှထပ်မပြော။
ဒါဟာ ရှေ့ဆက်ချင်သော သူ့ရဲ့လမ်းတိုင်းကို အသေပိတ်ထားသလိုဖြစ်နေခဲ့သည်။

"မ ကျွန်တော့်ကိုမချစ်ဘူးလား"

သူ မေးတာကိုကြားပေမယ့် မ ကပြန်မဖြေဘဲ ကားကိုသာဂရုစိုက်ပြီးမောင်းနေခဲ့သည်။
စိတ်တိုသွားမိပေမယ့် လွန်ခဲ့တာက ကိုယ်ပဲမို့ အောင့်အည်းငြိမ်သက်နေလိုက်ရင်း အံကြိတ်ထားမိသည်။

"ရန်မဖြစ်နဲ့"

ခပ်တိုးတိုးထွက်လာသည့် မ စကားကြောင့် သူ မ ကိုဆတ်ခနဲလှည့်ကြည့်မိတော့ မ က အေးဆေးတည်ငြိမ်စွာ။

"ယောကျာ်းလေးက ရန်ဖြစ်တာဘာဆန်းလို့လဲ"

"ငါမကြိုက်ဘူး"

"ကျွန်တော်လိမ္မာရင် မ ကျွန်တော့်ကိုပြန်ချစ်မှာလား"

မီးပွိုင့်ရောက်သွား၍ မ ကကားကိုရပ်ကာ သူ့မျက်နှာကိုတည့်တည့်ကြည့်သည်။
မျက်တောင်ရှည်တွေကော့ညွှတ်နေသော မျက်ဝန်းညိုတွေက သူ့ကိုပိုပြီးရင်ခုန်သံမြန်လာစေကာ သူနမ်းခဲ့ဖူးသည့်နှုတ်ခမ်းလေးကလည်း ပန်းနုရောင်စိုအိနေသည်က ကဗျာဆန်နေသည်။

"နင်ကျောင်းမတက်ရသေးလို့ ငါ့ကိုမြင်နေတာ ဧကန် နင်နဲ့ငါဘာမှမတော်ဘူးဆိုပေမယ့် အများအမြင်မှာမောင်နှမပဲ"

"ဘာမှမတော်စပ်ဘူးမလား ရအောင်ယူပြမယ် ဘယ်သူ့အမြင်မှဂရုမစိုက်ဘူး"

'မ'ရယ်..ကျွန်တော်ရယ်..အိမ်မက်တွေရယ်..Where stories live. Discover now