Part 12

12.3K 341 1
                                    

'မ'ရယ်..ကျွန်တော်ရယ်..အိမ်မက်တွေရယ်..
( part - 12 )
----------

"မ ဘယ်လိုနေသေးလဲ ခေါင်းမူးသေးလား"

"ဟင့်အင်း"

ဆရာဝန်မှာခဲ့သလို မနက်ရောက်တော့ မ ဖျားနေပြီမို့ အလုပ်ထဲလည်းမသွားဖြစ်တော့ဘဲ မ အနားမှာပဲနေလိုက်သည်။
အဖျားကြောင့် မျက်နှာလေးရဲနေသည်ကို စိတ်မကောင်းစွာကြည့်ရင်း ရေပတ်တိုက်ပေးဖို့ပြင်တော့ မ က ခေါင်းခါသည်။

"ငါ့ဘာသာလုပ်မယ်"

"ဘာလဲ ငါတစ်​ယောက်တည်းလည်းဖြစ်တယ်ဆိုပြီး မာနကြီးပြချင်လို့လား ငြိမ်ငြိမ်နေစမ်းပါ"

အဝတ်ဖြူကိုရေညှစ်ပြီး မ မျက်နှာနှင့်လည်ပင်းတွေကို ဖြည်းဖြည်းချင်းရေပတ်တိုက်ပေးတော့ မ က ငြိမ်နေသည်။
တစ်ချက်တစ်ချက် သူ့ကိုကြည့်နေတတ်တာမို့ မသိချင်ယောင်ဆောင်ကာ တစ်ချက်ပြုံးလိုက်ရင်း...

"မ မျက်လုံးတွေလည်း ဒီနားရောက်လာဦးမယ် ကျွန်တော် ချောတယ်မလား"

ဆိုတော့ မ က နွမ်းဖတ်စွာပြုံးရင်း တစ်ဖက်လှည့်သွားသည်။
ထိုအပြုံးလေးဟာ စက္ကန့်ပိုင်းလောက်သာကြာပေမယ့် သူ့စိတ်ထဲပျော်သွားမိပြီး မ နဖူးလေးကိုငုံ့နမ်းလိုက်သည်။
ထိုအခါမှ မမျက်နှာလေးပြန်လှည့်လာကာ...

"ငါ နင့်အပေါ်တစ်ကိုယ်ကောင်းဆန်ခဲ့မိတယ် ဧကန် အန်တီဖြူကလည်း နင့်ကိုအရမ်းချစ်ပြီး ဒက်ဒီကလည်းဂရုစိုက်တော့ ငါမရတာတွေ နင်ရနေတယ်ဆိုပြီး နင့်ကိုတော်တော်မုန်းခဲ့တာ"

ဒါသည် မ ဘက်က ပထမဆုံးစိတ်ပါလက်ပါ စကားပြောလာခြင်းဖြစ်ပြီး မ အမြဲမြိုသိပ်ထားခဲ့သည့်စကားတွေလည်းဖြစ်သည်။
မျက်ရည်ဝဲ၊ အံကြိတ်ထားတတ်သည်က မ အကျင့်ဖြစ်သလို ခုလိုမျိုးထုတ်ဖော်ပြောဆိုတာမျိုးလည်း မရှိခဲ့ဖူး။

"ငါအရမ်းစိတ်ပုတ်ခဲ့တာပဲနော်"

"ဟင့်အင်း မ မြိုသိပ်နိုင်လွန်းခဲ့တာပါ မြိုသိပ်တယ်ဆိုတာကလည်း လူတော်တွေရဲ့အလေ့အထတစ်ခုပဲလေ ကျွန်တော့်အမြင်မှာတော့ မ က သိပ်တော်တဲ့မိန်းမ"

"သူများစိတ်ချမ်းသာအောင်တော့ အတော်ပြောတတ်တယ်နော်"

"အဲ့ဒါဆို မ လည်း ကျွန်တော်စိတ်ချမ်းသာအောင်ပြန်ပြောလေ ပြော ကျွန်တော့်ကိုချစ်လား"

'မ'ရယ်..ကျွန်တော်ရယ်..အိမ်မက်တွေရယ်..Where stories live. Discover now