Part 7

13.6K 377 2
                                    

'မ'ရယ်..ကျွန်တော်ရယ်..အိမ်မက်တွေရယ်..
( part - 7 )
----------

သူကျောင်းပြီးသွားသည့်အခါ ဒက်ဒီက မ လိုပင် ကုမ္ပဏီမှာအလုပ်လုပ်စေတာမို့ မ သည် သူ့မျက်စိအောက်သို့ပြန်ရောက်လာခဲ့သည်။
ထိုအဖြစ်ကို သူ ပျော်မိပေမယ့် မ က ဒက်ဒီ့ဆီကခွင့်တောင်းကာ ဆောက်လုပ်ရေးမန်နေဂျာအဖြစ်တာဝန်ယူပြီး ရုံးကထွက်သွားတာမို့ သူ ဒေါသဖြစ်သွားသည်။
မ သူ့ကိုတမင်သက်သက်ရှောင်နေတာမို့ ဝမ်းနည်းခြင်းရှိပေမယ့် ထိုဝမ်းနည်းမှုတွေဟာ ဒေါသအဖြစ်ပြောင်းသွားတော့ သူ့မျက်လုံးထဲဘာမှမမြင်တော့။

"မ အခုပြန်လိုက်ခဲ့ ရုံးမှာထိုင်ရမယ်"

ဆောက်လုပ်ရေးဆိုဒ်ထဲအထိ ရောက်သွားပြီး မ ကိုအတင်းခေါ်တော့ မ က သူ့ကိုကြည့်ရုံသာကြည့်ပြီး စကားတစ်ခွန်းမှပြန်မပြော။
ဆိုဒ်ဆိုသည်မှာ ယောကျာ်းသားတွေသာ အများဆုံးမို့ ရုံးမှာတောင်စိတ်မချသည့်သူက ဘယ်လိုနေရမလဲ။

"မ ကျွန်တော်ပြောနေတာကြားလား"

"ကြားတယ် နင်ငါ့ကိုနေရာပြောင်းခိုင်းနေတာ ဘယ်ဒါရိုက်တာရဲ့လုပ်ပိုင်ခွင့်နဲ့လဲ"

"Aww ဒါရိုက်တာဖြစ်မှ ခင်ဗျားကိုအမိန့်ပေးလို့ရမယ်ပေါ့"

မ က သူ့ကိုတစ်ချက်မော့ကြည့်ရင်း ခေါင်းလေးမညိတ်သလို၊ ခေါင်းလည်းမခါ။
ဒီလောက်ခေါင်းမာသောမိန်းကလေးကို သူ ဆက်ပြီးသည်းမခံနိုင်တော့သည်နှင့် ပြန်အရွဲ့တိုက်ဖို့စိတ်ကူးကာ ဆိုဒ်ဦးထုတ်တစ်လုံးတောင်းပြီး ဆိုဒ်ထဲပြန်လာခဲ့သည်။
မ က ပုံကြမ်းတစ်ခုကိုကြည့်နေရင်း သူ့ကိုတွေ့လိုက်၍ မျက်လုံးလေးပြူးသွား၏။

"ဧကန် နင်အဲ့ဒါဘာလုပ်တာလဲ"

"ဆိုဒ်အင်ဂျင်နီယာလုပ်မယ်လေ ကျွန်တော်လည်း ဘွဲ့ရထားတာပဲ"

"ဘာ!! မရဘူး အခုပြန်"

"ဘယ်ဒါရိုက်တာရဲ့လုပ်ပိုင်ခွင့်နဲ့ လာအမိန့်ပေးနေတာလဲ ဒေါ်မိုးည"

"တောက်!!"

မ ဆွေ့ဆွေ့ခုန်မတက်ဒေါသဖြစ်သွားပြီး သူ့ကိုစူးခနဲတစ်ချက်ကြည့်ကာ ပြန်လှည့်ထွက်သွား၏။
သွားနေရင်းနဲ့လည်းဖုန်းပြောနေတာမို့ ဒက်ဒီ့ဆီကိုလှမ်းတိုင်နေတာဖြစ်လောက်သည်။
မ ဒီမှာလုပ်နေသ၍ သူလိုက်လုပ်ဦးမှာပဲမို့ ဘယ်သူ့ကိုပဲတိုင်တိုင် သူ ဂရုမစိုက်...

'မ'ရယ်..ကျွန်တော်ရယ်..အိမ်မက်တွေရယ်..Where stories live. Discover now