Part 22

12.6K 305 1
                                    

'မ'ရယ်..ကျွန်တော်ရယ်..အိမ်မက်တွေရယ်..
( part - 22 )
----------

"တံခွန်က မင်္ဂလာပွဲဖိတ်ထားတယ် မောင် အဲ့ဒါ"

စကားဆက်မပြောတော့၍ Laptopကိုကြည့်နေရင်းမှ မ ကိုသူလှည့်ကြည့်မိတော့ မ က ဖိတ်စာကိုကြည့်ကာ ပြုံးနေသည်။
ဘာများလဲဟု ကြည့်တော့ ဦးဧကန်သစ္စာနှင့် ဇနီးဟု ရေးထား၍ ဘာထူးဆန်းသွားလို့လဲဟု မ ကိုပြန်မော့ကြည့်မိသည်။

"ငါ့ကိုသာ ကလေးလုပ်နေတာ ဦးဧကန်သစ္စာလို့အခေါ်ခံရမယ့်အရွယ်ရောက်နေပြီပဲ"

"Aww aww"

သူ မျက်နှာမဲ့ပြလိုက်တော့ မ ကရယ်ပြီး ပါးတစ်ဖက်ကိုဆွဲလိမ်သည်။
မ ပုံစံလေးက သူအလိုချင်ခဲ့ရဆုံးပုံစံဖြင့် သူနဲ့အတူရှိရသည့်အပေါ်မှာ ကြည်နူးသက်ဝင်နေသည်မို့ မ ပျော်နေသည်ထက် သူကပိုပျော်ရသည်။
ခါးလေးကိုသိမ်းဖက်ပြီး ပါးပြင်လေးကို ထိရုံကလေးနမ်းကာ...

"ဦးဧကန်သစ္စာဆိုတာထက် အဖေလို့အခေါ်ခံချင်တာ"

"မွေးစားလိုက်"

"ခင်ဗျားတစ်ယောက်လုံးရှိနေတာကို"

သူ မ ခါးလေးကိုဖက်ကာ ပေါင်ပေါ်ဆွဲတင်တော့ မ က သူ့လည်ပင်းကိုပြန်ဖက်လာသည်။
နမ်းမလို့ပြင်ကာမှ အပြင်ကတံခါးခေါက်သံကြောင့် သူ စိတ်တိုသွားတော့ မ က သူ့ဆီကပြန်ရုန်းရင်း အသံလေးထွက်အောင်ရယ်သည်။

"ဘယ်သူလဲ"

"မသူပါ ဆရာကြီးကမိုးညကိုခေါ်ခိုင်းလိုက်လို့"

"Omm လာခဲ့မယ် မသူ"

မ ထသွားဖို့ပြင်ပေမယ့် ဖက်ထားတာကိုမလွှတ်ဘဲနေတော့ မ က သူ့နဖူးကိုဖွဖွလေးငုံ့နမ်းသည်။
နွေးနေသောနှုတ်ခမ်းတွေကြောင့် ရင်ခုန်သွားမိပြီး မ ပခုံးစွန်းလေးကို သူ ထပ်နမ်းမိပြန်သည်။

"ဒက်ဒီစောင့်နေလိမ့်မယ် မောင်"

"ဒက်ဒီနဲ့စကားပြောပြီးရင်လည်း မောင်စောင့်နေတယ်လို့တွေးပြီး အမြန်ပြန်လာခဲ့"

မ မျက်စောင်းလေးထိုးပြီး သူ့ကိုတွန်းဖယ်ပစ်ကာ ချက်ချင်းထွက်သွား၍ သူ သက်ပြင်းချပြီးကျန်နေခဲ့သည်။
မ ကို ထိတွေ့မိတိုင်း အရိုင်းဆန်လာတတ်သည်ကိုက သူ့အားနည်းချက်...

'မ'ရယ်..ကျွန်တော်ရယ်..အိမ်မက်တွေရယ်..Where stories live. Discover now