Part 1

39.3K 551 6
                                    

'မ'ရယ်..ကျွန်တော်ရယ်..အိမ်မက်တွေရယ်..
( part - 1 )
----------

ပထမဆုံး မ ကိုတွေ့ဖူးကတည်းက မ သည် သူ့ကိုကြည်ဖြူစွာကြိုဆိုခဲ့သူမဟုတ်မှန်းသိသည်။
မတတ်သာ၍၊ ဒက်ဒီ့ကိုပြန်မပြောရဲ၍ ခေါ်ရပြောရသည်မှန်း သူနားလည်သည်။
သို့သော် မ ကိုသူချစ်သည်...
မ နောက် တကောက်ကောက်လိုက်ရင်း မ ဆူပူငြိုငြင်သမျှကို အပြုံးမပျက်ခေါင်းငုံ့သည်းခံနိုင်သည်အထိ။
သူ့ဘဝတစ်ခုလုံးမှာ မ ကိုသာအမြတ်နိုးဆုံး...
မ ကတော့......

▫▫▫▫▫📓📓📓▫▫▫▫▫

"မ"

သူခေါ်နေတာကိုသိပေမယ့် မ ကမိတ်ကပ်လိမ်းနေတာကိုရပ်မသွားဘဲ ပြန်လည်းမထူး။
သူအလိုမကျစွာဖြင့် မ လက်ကလေးကိုလှမ်းဆွဲတော့မှ မ ကခါထုတ်ပစ်ကာ မော့ကြည့်သည်။

"ကျွန်တော်ခေါ်နေတာကို ကြည့်ဦးလေ ဘာတွေကအဲ့လောက်အရေးကြီးနေတာလဲ"

"နင်ပြောနေတာတွေအကုန်ကြားတယ် နားကကြားရတာ မျက်နှာကကြားရတာမဟုတ်ဘူး ဘာပြောမလို့လဲ"

"မ ဘယ်သွားမလို့လဲ ဒီနေ့ကျွန်တော်နားတယ်လို့ပြောထားတာကို"

"ငါ့အလုပ်ငါသွားရမှာပေါ့ အိမ်မှာနေပြီးဘာလုပ်ရမှာလဲ"

မ နဲ့တစ်နေကုန်အတူနေဖို့စိတ်ကူးထားတာမို့ သူ့စိတ်ကူးကို ဖျက်လိုဖျက်ဆီးလုပ်ချင်နေသော မ ကို သူဒေါသဖြစ်သွားသည်။
မ က လက်ကိုပြန်ရုန်းပစ်ကာ မျက်ခုံးပုံဖော်နေတာမို့လွှတ်ထားလိုက်ကာ ထိုင်ကြည့်နေလိုက်သည်။

ဘယ်လိုပဲကြည့်ကြည့် မ အမြဲလှသည်။
ကြည့်တတ်စ မြင်တတ်စကတည်းက မြင်ဖူးခဲ့သည့် မရဲ့အလှအပတွေကခုချိန်ထိရိုးမသွားခဲ့...

"မ ကိုချစ်တယ်"

မ မကြည်သလို မျက်စောင်းထိုးပေမယ့် သူကအကြည့်တွေကိုလွှဲမပစ်ဘဲ စူးစူးစိုက်စိုက်ကြည့်နေမိဆဲ။
ထိုသို့စိုက်ကြည့်နေတာကိုပဲ မ က မနေတတ်သလို ကျွတ်ခနဲစုပ်သပ်ကာ သူ့ဘက်ပြန်လှည့်လာသည်။

"နင်တမင်လာလုပ်နေတာလား"

"ကိုယ့်မိန်းမကိုချစ်လို့ကြည့်တာလေ ကျွန်တော်ကဘာလုပ်နေလို့လဲ"

'မ'ရယ်..ကျွန်တော်ရယ်..အိမ်မက်တွေရယ်..Où les histoires vivent. Découvrez maintenant