EP-1(Zawgi)

953 20 0
                                    

'ကြက်သားတွေရမယ်'

'ဟော့ဒီမှာလတ်လတ်ဆတ်ဆတ်ငါးတွေရမယ်နော်'

ဈေးထဲမဝင်ရသေး အဝကပင် အထဲက အသားသည် ငါးသည်တို့ရဲ့အသံကိုကြားနေရလေပြီ ကျွန်မနာမည်ကတော့ မြတ်လေးပွင့် မကြာခင်တက္ကသိုလ်ပထမနှစ်စတက်ရတော့မဲ့ ကျောင်းသူအသစ်လေးပေါ့
ဆယ်တန်းစာမေးပွဲဖြေတုန်းကတော့ မေမေနဲ့ဈေးမလိုက်ပေးရပေမဲ့ဖြေပြီးထဲကနေ ဈေးလိုက်ရတယ် ဒါပေမဲ့ တစ်ပတ်မှာတစ်ခါတည်းပါ ထိုနေ့က တနင်္ဂနွေနေ့

'မြတ် မေမေအသားတန်းဘက်သွားကြည့်လိုက်ဦးမယ် ပန်းဆိုင်မှာ ပန်းဝယ်ပြီးစောင့်နေ'

'ဟုတ်'

'ညီမလေးဘာပန်းယူမလဲ'

ကျွန်မပန်းတွေကိုသေချာကြည့်မိပါလေရဲ့ ငယ်ငယ်ကတော့ပန်းတွေမကြိုက်ပါ ဒီအတိုင်းရွက်ဖက်သေးသေးလေးတွေစုထားတဲ့အရာတစ်ခုပဲလို့သတ်မှတ်ထားတာ အသက်ကြီးလာလေလေ ပန်းတွေကိုခံစားမိ‌လေလေ ပန်းလေတွေကသိပ်လှတယ် မြတ် ကိုင်လိုက်လို့ကြွေကျသွားမှာတောင်စိုးရိမ်မိပါလေရဲ့ အပြာရောင်ပုံးလေးထဲစိုက်ထားတဲ့ နှင်းဆီရဲရဲတွေကြားကတစ်ပွင့်ဆီလက်လှမ်းလိုက်တယ် ဒါပေမဲ့ ကျွန်မနောက်ကျသွားလေရဲ့ ထိုနှင်းဆီပွင့်သည် ကျွန်မမြင်လိုက်ရတဲ့ လက်ညှိုးမှာ မှည့်အနက်သေးသေးလေးပါတဲ့ ခပ်သွယ်သွယ်လက်ကလေးထဲပါသွားလေရဲ့ ကျွန်မယူမဲ့နှင်းဆီကိုဘယ်သူများလုသလဲ လှည့်အကြည့် #လှလိုက်တာ#လို့‌စိတ်ထဲရေရွတ်မိလေရဲ့

'မင်း ဒီပန်းလိုချင်လို့လား'

'မဟုတ်ပါဘူး'

'ဟုတ်လဲတို့ကမပေးပါဘူးနော် တို့ယူပြီးသား'

ရုပ်ကလေးလှရုံတင်မက အသံလေးကလဲချိုလှတယ်

'မယူပါဘူး မြတ်က ဒီအတိုင်းလှလို့ ကိုင်ကြည့်ချင်လို့'

'လောကမှာလှပတယ်ဆိုတိုင်း မကိုင်ကြညြ် မစမ်းကြည့်သင့်တဲ့အရာတွေရှိတယ် နှင်းဆီဆိုတာလဲ အဲ့ထဲမှာပါတယ် လက်လွတ်စပယ်ကိုင်မိလို့ မတော်လို့ဆူးဆူးရင် ဒဏ်ခံရလိမ့်မယ်'

သူမရဲ့နီရဲရဲနှုတ်ခမ်းဖျားဆီမှထွက်လာတဲ့စကားလုံးတို့ဟာ တေးသံသာလေးလိုပင်

တစ်နေ့နေ့တော့ ချစ်လာလိမ့်မည်(Complete)Where stories live. Discover now