EP-4

1.5K 177 5
                                    

'မြတ်လေးပွင့်ဗျ'

မြတ်နမည်ခေါ်သံကြားတာကြောင့်ကြည့်မိတယ်

'ဪ ကိုလေးညိုမှိုင်း'

Frasher welcome တုန်းက မြတ်က queen ရခဲ့ပြီး သင်္ချာမေဂျာကထိုအမျိုးသားကkingရခဲ့တယ်

'စကားလေးပြောချင်လို့ဗျ'

'ဘာကိစ္စများလဲရှင့်'

'နင်တို့မြန်မြန်လျှောက်ကြစမ်းပါဟယ် ကလေးကျောင်းခန်းထဲရောက်နေလောက်ပြီ'

မြနှင်းဆီရယ် သူ့သူငယ်ချင်းတွေကိုဆူပူနေလေရဲ့

'ဟဲ့ နင်ရိုးရောရိုးရဲ့လား နင်မြတ်လေးပွင့်ကိုညီမလေးအဆင့်ထက်ပိုနေတာလား'

သူငယ်ချင်းမတွေရဲ့စကားကြောင့် ခပ်သွပ်သွပ်ခြေလှမ်းများက ဘရိတ်အုပ်လိုက်သလို တန့်သွားတယ် နှင်းဆီ မြတ်လေးကို ညီမလေးထက်ပိုနေသလား မသိပါ မြတ်လေးနဲ့တွေ့ရင် ဖြစ်ပေါ်လာတဲ့အမည်မသိခံစားချက်တစ်ချို့ကို ခုထိအဖြေရှာမရသေး

'ငါ မသိဘူး'

'နင်မသိပေမဲ့ ငါတို့သိနေတယ် နှင်းဆီ နင်မြတ်လေးအပေါ် အချစ်စိတ်ဝင်နေပြီ'

'ဟဲ့ ဟိုမှာ'

'ကလေး'

နှင်း‌ဆီ‌ေခါ်တာကိုမကြား‌ေပ လက်သီးအလိုလိုဆုပ်မိသားပင် မြတ်လေးဟာ kingရသွားတဲ့တစ်ယောက်နဲ့ရယ်‌ေမာကာ စကားတစ်ပြောပြောနဲ့ယှဉ်လျှောက်သွားတာ နှင်းဆီကိုတောင်မမြင်

'တောက်ခ်'

နှင်းဆီမြတ်လေးရဲ့လက်ကိုဆွဲခေါ်လာခဲ့တယ်

'မမ'

'လာလိုက်ခဲ့'

'အယ် ကိုလေးညိုက'

'ပါးစပ်ပိတ်ပြီးလိုက်ခဲ့ မဟုတ်ရင် တို့ ဘာလုပ်မိမလဲမသိဘူး'

မမတင်းကြပ်စွာဆုပ်ကိုင်ထားလို့ မြတ်လက်ကောက်ဝတ်နာလှချေရဲ့

'ပြောစမ်း သူနဲ့ကဘာတွေလဲ'

'ဘာကိုမေးတာလဲ မမ'

'ငါခေါ်တာမကြားရလောက်အောင် သူနဲ့ဘာတွေများပြောနေလို့လဲ သူဘာတွေပြောနေလို့ နင်က သရုပ်ပျက်လောက်တဲ့ထိပြုံးရယ်နေရတာလဲ သူ့ကိုကြိုက်‌ေနတာလား မိန်းမဖြစ်ပြီးသိက္ခာမရှိလိုက်တာ နင်အဲ့လောက်ဈေးပေါရလားဟမ်'

တစ်နေ့နေ့တော့ ချစ်လာလိမ့်မည်(Complete)Where stories live. Discover now