EP-6(Zawgi )

798 24 0
                                    

နောက်ဆုံးတော့စီစဉ်ထားတဲ့နေ့ကိုရောက်လာခဲ့ပြီ

'ငါဗိုက်ဆာတယ် ရှေ့ကဆိုင်မှာရပ်လိုက်'

'ဆရာကြီးက မမလေးကိုအိမ်ကိုတစ်ခါတည်းခေါ် '

နှင်းဆီစကားကိုခွန်းတုံပြန်‌နေတဲ့ ကားရှေ့ခုံကကောင်ကို ရေဘူးနဲ့ကောက်ပေါက်လိုက်တယ်

'ငါရပ်ဆိုရပ်လိုက် စောက်စကားအပိုတွေပြောမနေနဲ့'

'ဟုတ်ကဲ့'

ဒါ နှင်းဆီထိုင်နေကြဆိုင်လေးပါ

'နှင်းဆီ မလာတာကြာပြီနော်'

'ဟုတ်တယ် မမရေ '

'စားနေကြအတိုင်း ဖက်ထုပ်ကြော်လေးပဲလား'

'ဟုတ်'

ဆိုင်ထဲလူတွေတဖြေးဖြေးများလာပါပြီ

'နင်တို့ငါနဲ့ဝေးဝေးမှာနေ နင်တို့မျက်ခွက်တွေမြင်နေရတာ ငါစားမဝင်ဘူး'

'ကလင် ကလင် ကလင်'

ဆိုင်ရဲ့မီးဘေးအချက်ပြခေါင်းလောင်းသံမြည်တာနဲ့ ဆိုင်ထဲမှာရှိတဲ့သူတွေကထလာပြီး နှင်းဆီရဲ့အစောင့်လူတွေကိုချုပ်ထားတယ်

'အားလုံးကျေးဇူးနော်'

နှင်းဆီဆိုင်အပြင်ပြေးထွက်လာခဲ့တယ်

'နှင်း ငါတို့ဒီမှာ'

ကားအဖြူလေးနားရပ်နေတဲ့ တိမ်လွှာနဲ့ ပန်းချီ

'နင့် ကလေး ကားထဲမှာရှိတယ် ရော့ကားသော့ မင်္ဂလာလက်ဖွဲ့ပေါ့ ပြီးတော့ကားနောက်ခန်းထဲမှာ ပစ္စည်းတစ်ခုရှိတယ် နင်သုံးပြီးသွားရင်ငါ့ကိုအရမ်းတွေကျေးဇူးတင်ချင်နေမှာ'

'ရော့ ဒါကအိမ်သော့ ဒါကငါ့ရဲ့မင်္ဂလာလက်ဖွဲ့ '

'ကျေးဇူးပါ'

'ဒီကောင်မ ကျေးဇူးစကားဆိုတက်မှန်းခုမှပဲသိတော့တယ် သွားသွား တော်ကြာနင့်အဖေလူတွေလိုက်လာဦးမယ်'

ကားဘေးခုံမှာထိုင်နေတဲ့ နှင်းဆီမြတ်နိုးရတဲ့တစ်ဦးတည်းသောသူလေး

'မ'

'ကလေး'

'လွမ်းနေရတာ မရယ်'

'မ‌ရောပဲ ကဲ ဒီနေရာကနေအရင်ထွက်သွားကြရအောင် '

ကားမောင်းနေတဲ့တစ်လျှောက်လုံး မြတ်ရဲ့လက်ကလေးကိုဆုပ်ကိုင်ထားမိတယ် လက်ကလေးကိုခပ်ဖွဖွလေးအနမ်းပေးမိတယ်
ည7နာရီလောက်မှ ပန်ချီ့အိမ်ကိုရောက်တယ်
နှင်းဆီ ဘေးကပုပုသေးသေးလေးကိုအားရပါးရဖက်ထားလိုက်တယ်

တစ်နေ့နေ့တော့ ချစ်လာလိမ့်မည်(Complete)Where stories live. Discover now