'ဟဲ့ သူပေါ့မြနှင်းဆီရဲ့ရည်းစားအသစ်ဆိုတာ'
'ဟယ် ဒီတစ်ခေါက်က ကောင်မလေးလား မိန်းမချင်းကြီးကရွံစရာဟယ်'
'ဟုတ်ပ ဟိုကယောက်ျားတွေကိုတောင်အပျော်ပဲတွဲတာ ကောင်မလေးဆိုတော့ ရက်ပိုင်းလောက်ပဲခံမှာ'
'ကောင်မလေးကချစ်စရာလေးသနားစရာ လူကောင်းလေးနဲ့ပဲတွေ့သင့်တာ'
ဒီလိုစကားသံတွေမြတ်ကြားရပါများလိုါရိုးအီနေပါပြီ
'အ'
အသံကြားလိုကြည့်မိတော့ မက ထိုနှစ်ယောက်ခေါင်းကိုကိုင်ကာ အချင်းချင်းဆောင့်ပစ်နေသည်
(မမလူမိုက်နော်)'နင် နင်ဘာလုပ်တာလဲမြနှင်းဆီ'
'မြင်တဲ့အတိုင်းပဲလေ ဘာလဲသေချာမမြင်လိုက်ရဘူးလား ပြန်လုပ်ပြမယ်'
'နင်'
'မမတော်တော့'
မြတ်ဝင်တားလိုက်တယ်
'နောက်တစ်ခါငါ့အကြောင်းပြောချင်ရင်ငါ့မျက်စိရှေ့တည့်တည့်လာပြော ကွယ်ရာမှာမပြောနဲ့ ကလေးလာတားလို့နင်တို့သက်သာသွားတယ်မှတ်'
'မိန်းမချင်းကြိုက်နေတဲ့ကောင်မကများစောက်ကြီးစောက်ကျယ်'
'အဲ့တာငါ့အကြောင်းလေ နက်တို့အပူဘယ်နှပြားပါလဲ'
'နင်တို့လိုဟာတွေကြောင့်ကမ္ဘာကြီးညစ်ညမ်းလာတာ'
'အမလေး ကြားသားမိုးကြိုး မှတ်တောက်ထားရဦးမယ်'
'လာပါ မရယ် တော်တော့'
ဒေါသထွက်ပြီးပွစိပွစိပြောနေသည်မှာလဲ ချစ်စရာပင် မြတ်တော့ဒီရှေ့ကလူသားဘာလုပ်လုပ်မြတ်နိုးမိနေမိသည်
'သမီး'
အပေါ်ထပ်ကဆင်းလာသည့် နှင်းဆီကိုဖေဖေလှမ်းခေါ်တယ်
'မြန်မြန်ပြောဖေဖေ သမီးမအားဘူး'
'ကောင်မလေးတစ်ယောက်နဲ့တွဲနေတယ်ဆို'
'သတင်းရောက်တာမြန်တယ်နော်'
'ဘယ်တော့လမ်းခွဲမှာလဲ'
VOCÊ ESTÁ LENDO
တစ်နေ့နေ့တော့ ချစ်လာလိမ့်မည်(Complete)
Romanceမိန်းကလေးတစ်ယောက်ကမိန်းကလေးတစ်ယောက်ကိုမဟုတ်ပဲ လူတစ်ယောက်ကလူတစ်ယောက်ကိုမြတ်နိုးစွာချစ်မိခြင်းသည်သာဖြစ်သည်