'ဖြန်း'
အနောက်ကတစ်ယောက်ယောက်ေကျာကိုရိုက်လိုက်တာကြောင့် မြနှင်းဆီနာသွားသည်
'ဒေါ်မြနှင်းဆီ ခြေလှမ်းတွေပျက်နေပါလား အားကစားရုံကိုလဲမလာဘူး'
သူမရဲ့သူငယ်ချင်း ပန်းချီနဲ့ တိမ်လွှာ
'ကဲပြောဘယ်ကောင်လေးနဲ့အီနေပြန်ပြီလဲ'
'မအီပါဘူး အဲ့လိုမလုပ်တာကြာပြီ'
'ဘုရားရေ နင်မြနှင်းဆီရောဟုတ်ရဲ့လား'
'ဒီမှာနိုင်ငံသားမှတ်ပုံတင်ကတ် ယုံပြီလား'
'နင်အရမ်းပြောင်းလဲသွားတယ် နှင်းဆီ'
'အသက်ကြီးလာလို့နေမှာပေါ့'
'ငါ့အထင်နင်တစ်ယောက်ယောက်ကြောင့်ပြောင်းလဲသွားတာထင်တယ် မဟုတ်မှ မြတ်လေးပွင့်ကြောင့်လား'
နှင်းဆီခပ်ရေးရေးပြုံးရင်း
'ဖြစ်နိုင်တယ်'
'ဟယ် တကယ်?'
'မမ'
မမမြနှင်းဆီမဟုတ်တော့ဘူး မမဖြစ်သွားပြီ
'ဟောအသက်ရှည်ဦးမယ် ပြောရင်းလာပြီ'
နှင်းဆီတို့ဝိုင်းဆီပြေးလာတဲ့ကလေးမလေး
'မြတ်က မမကို စာသင်ခန်းမှာသွားရှာနေတာ'
'ဘာလို့'
'စာမေးမလို့'
'ကဲ ထိုင် ဘယ်အပုဒ်လဲ'
မြတ်တို့နှစ်ယောက်ကို မမ သူငယ်ချင်းတွေက ကြည့်နေတော့
'နင်တို့နှစ်ယောက်မုန့်စားမှာလား ငါတို့နှစ်ယောက်ကိုကြည့်မှာလား'
'တွတ်တိတွတ်တိလုပ်နေတဲ့နင်တို့ကြောင့် စားမဝင်တော့ဘူး'
'အဲ့တာဆိုလဲကြွ အာရုံနောက်တယ်'
'အေးပါဟယ် အားရင်လဲကစားရုံဘက်လာဦး လေ့ကျင့်ရအောင်'
'အေးအေး'
'ဘာလေ့ကျင့်ဖို့လဲ မမ'
'ဘောလီဘော နောက်လကျောင်းအားကစားပွဲရှိတယ်လေ မမတို့ပြိုင်ရမှာ'
'ဆော့တက်တယ်လား'
'အွန်း လေ့ကျင့်ရင်လာကြည့်လို့ရမလား'
YOU ARE READING
တစ်နေ့နေ့တော့ ချစ်လာလိမ့်မည်(Complete)
Romanceမိန်းကလေးတစ်ယောက်ကမိန်းကလေးတစ်ယောက်ကိုမဟုတ်ပဲ လူတစ်ယောက်ကလူတစ်ယောက်ကိုမြတ်နိုးစွာချစ်မိခြင်းသည်သာဖြစ်သည်