စိတ်ပျက်စရာကောင်းတယ်လို့ ထင်ရတဲ့ နေ့တစ်နေ့ပါဘဲ...
---------------
ည ၂နာရီသာခွဲသွားတယ်..
ထိုကောင်လေးရဲ့ အိပ်စက်ခြင်းကတော့ အခုထိမရှိသေးပါ...
ခဏခဏ အိပ်မတ်တွေက ခြောက်နေတဲ့ သူ့ဘဝလေးကို..
ဘယ်သူ့ကိုမှတော့ ထုတ်မပြောခဲ့...
ကိုယ့်ကိုနားမလည်ပေးနိုင်တဲ့ ဖေဖေ့ကတောင် ဒီလိုညတွေ မအိပ်တာ သိရင်တောင် ဂရုစိုက်မှာမဟုတ်လို့ ထိုကောင်လေး ဘယ်သူ့ရဲ့ ဂရုစိုက်ခြင်းကိုမှ မခံဖူးပါ..
မခံလည်းမခံချင်ပါ.."တောက်!!ေ-ာက်မျက်လုံးတွေကလည်း ဘာလို့မအိပ်ရနိုင်တာလဲ..စိတ်ပျက်လိုက်တာ.."
ကိုယ်တစ်ယောက်ထဲ ကြားရုံလောက် ညီတွားနေတဲ့ jisungက မနက်ကျောင်းသွားရမှာကို အိပ်မပျော်လို့ စိတ်ပျက်နေတာဖြစ်သည်..
မအိပ်ပျော်နိုင်တဲ့အဆုံး အောက်ဆင်းပြီး ရေသွားသောက်ကာ TVထိုင်ကြည့်နေသည်တဲ့..."ကျွီ.."
ကြားလိုက်ရတဲ့ တံခါးပေါက်ဖွင့်သံကြောင့် Jisung လှမ်းကြည့်လိုက်တော့ အရက်မူးပြီး ဝင်လာတဲ့ ဒယ်ဒီ..
"ဟင် ဒယ်ဒီ ဒီအချိန်ကြီးဘာလာလုပ်တာလဲ"
ပြောပြီး ဒယ်ဒီ့ဆီကို သွားလိုက်သည်...သိပ်တောင် မထောင်နိုင်တော့တဲ့ ဒယ်ဒီ ကဘယ်လောက်တောင် အရက်တွေသောက်လာလဲဆိုတာ မေးတောင်မေးစရာမလို...
Jisung အမြန်ထိမ်းကူပြီး sofaရှိရာပေါ် တင်ပေးလိုက်သည်..."ဒယ်ဒီ ရယ်..သောက်လာပြန်ပြီ..နာရီ ကိုလည်းကြည့်ပါအုန်း ၂နာရီတောင်ခွဲ ပြီးပြီ..ကို.."
Jisung စိတ်ပျက်စွာ ညည်းတွားမိ၏..
"အင်း...အိပ်ချင်နေပြီသားရယ်..."
Jisung လည်း sofaတစ်ဖက်ခြမ်းမှာထိုင်လိုက်ပြီး အရမ်းမူးနေတဲ့ ဒယ်ဒီ့ကို စိတ်မကြည်စွာကြည့်မိလေသည်...
"ဘာလို့ အိမ်မပြန်ဘဲ သားအိမ်ကိုလာတာလဲ.. မဟုတ်မှ ဟို ဒေါ်လေးနဲ့ ရန်ဖြစ်လာတာလား.."
Jisung မေမေဆုံးသွားပြီး သုံးလလောက်နေတော့ jisungဒယ်ဒီက နောက်မိန်းမထက်ယူတာပင်...
ဒါပေမဲ့ Jisung ကတော့ လုံးဝ ဒယ်ဒီ့ ရဲ့နောက်မိန်းမကို အမြင်မကြည်ပါ...
အိမ်ကိုထိ ခေါ်လာပြီး နေတော့ သီးမခံနိုင်တဲ့အဆုံး တစ်ယောက်ထဲနေဖို့ ပြောလိုက်ခဲ့တာဖြစ်ပြီး ဒယ်ဒီ လည်း သိတော့ Jisung ကိုဘာမှမပြောလိုဘဲ အိမ်တစ်လုံး သပ်သပ် ပြင်ပေးလိုက်ပြီး နေတာဖြစ်တယ်...
Jisung ကတော့ အခုချိန်ထိ သူ့ မာမီနေရာကို ဘယ်သူ့ကိုမှ အစားမထိုးခဲ့ပါ..အစားထိုးဖို့ရှိလာမှာလည်းမဟုတ်ဘူးဟု တွေးထား၏...
ထို့ကြောင့် "ဒေါ်လေး"လို့ဘဲ ခေါ်တာဖြစ်တယ် ဒေါ်လေးက jisungပေါ်ကောင်းပေမဲ့ Jisung ကတော့ အတုယောင်တွေလို့ဘဲမြင်နေတာဖြစ်သည်...
