2

90 14 0
                                    


Party မှာနေရတာ Jisung မကြိုက်တာသိတော့ Ceo park ဟာ party ရဲ့ နောက်က ရေကန်နားလေးမှာ Jisung ကို ခဏထားခဲ့ပြီး မိတ်ဆွေတွေနှင့်စကား သွားပြောလေ၏...။ ထို ရေကန်ပြာနားမှာလည်း လူ၂ဆယ်သုံးဆယ်လောက်ရှိပေမဲ့ အရှေ့မှာ ရှိသလောက်တော့ မများတာကြောင့် Jisung နေရတာ ပိုအဆင်ပြေသည်ဟုဆိုရမည်...။

တခြားသူတွေဟာ မိတ်ဆွေအပေါင်းသင်းတွေနဲ့မို့ စကားတွေပြောနေပေမဲ့ Jisung ဟာတော့ တစ်ယောက်ထည်းပါ...။ ဒါပေမယ့် Jisung ဘာမှဖြစ်မနေဘူး....။

စားပွဲပေါ်မှာ တင်ထားတဲ့ အချိုပွဲတွေရယ် wine ခွက်တွေရယ်ကို ကြည့်ပြီး Jisung သက်ပြင်းချမိလေရဲ့..မလိမ်တမ်းပြောဆို ထို Wine ကို သောက်ချင်သည်..။ ဒါပေမယ့် မသောက်ရဲ...Jisung ကိုယ့်ကိုယ်ကို ပြန်ထိမ်းကာ အချိုပွဲတွေကိုပဲ စိတ်မပါလက်မပါနှင့်  ထိုင်စားနေမိ၏...။ Jisung Wine မသောက်ရခြင်းရဲ့ အကြောင်းပြချက်က နှစ်ချက်ရှိသည်...။ ပထမအချက်မှာမူ အသက်မပြည့်သေးလို့ဖြစ်ပြီး ဒုတိယ အချက်ကတော့ အရက်ခိုးသောက်ဖူးပြီး Ceo park ကို မကျေနပ်ကြောင်း ဆဲဆိုဖူးတာဘဲဖစ်သည်...။

Jisung - "park jisung ရယ်..ဘာဖြစ်နေတာလဲ..မသောက်ပါနဲ့ဆို.."

ခဏခဏ လက်လှမ်းမိနေတဲ့ ထို ဝိုင်ခွက်လေးကို အဝေးရွှေ့ကာ ကိုယ့်ကိုယ်ကို ပြန်ထိမ်းနေရသည်...။ ဘေးမှာချထားတဲ့ candy လေးကို ဖောက်စားလိုက်နှင့် CEO park ကို စောင့်နေမိ၏...။

ထိုအချိန် ဘယ်ထဲက ဘယ်လိုရောက်လာမှန်းမသိတဲ့ Jisung နဲ့ ရွယ်တူလောက်ရှိမဲ့ ကောင်လေးဟာ Jisung ဘေးကို ဝင်ထိုင်ကာ စောနမှ ရွှေ့လိုက်တဲ့ ဝိုင်ခွက်လေးကို ဆွဲယူပြီး တကျိုက်ထဲမော့သောက်ပစ်၏...။

Jisung ဘာတစ်ခွန်းမှ မပြောဘဲ ဒီတိုင်းသာ စိုက်ကြည့်နေမိသည်...။

"ငါမင်းကို အဝေးကနေကြည့်နေတာ ဝိုင်ခွက်ကို ဘေးရွှေ့ရွှေ့နေလို့"

Jisung - "အဲ့ဒီတော့ ဘာဖြစ်လဲ"

"ငါ့လိုမျိုးသောက်စေချင်တယ်လေ ငါ အဖော်မရှိလို့ ငါ့ကောင်တွေကပြန်သွားပြီ"

Jisung စောန ဆွဲဖောက်ထားတဲ့ သကြားလုံးလေးကို ပါးစပ်ထဲ ပစ်ထည့်ကာ စိတ်ပျက်နေသလို ပြောလိုက်၏..

!Who Do you Love! Where stories live. Discover now