4

155 13 5
                                    

ဂျီဆောင်း ရဲ့မျက်နှာအစိတ်ပိုင်းများကိုခိုးကြည့်နေတာဘယ်လောက်ကြာလည်းမသိ လည်ပင်းတောင်ညောင်းချင်နေသလို....။ ဘေးမှာချထားတဲ့ လွယ်အိတ်လေးထဲက ရေဘူးကိုယူသောက်ပြီးအဆင်ပြေနေပေမဲ့ အဆင်မပြေတာက Chenle ဗိုက်ထဲကအကောင်ပင်။ တစ်နာရီခြားတစ်ခါဆာတယ်ဆိုတာ Chenle ရဲ့ အဆာအိမ်ဘဲနေမည်...ဗိုက်ကတဂွီဂွီမြည်လာလေလေ ဂျီဆောင်းရဲ့လက်ချောင်းလေးများဟာလည်း ဖြည်းဖြည်းချင်း လှုပ်လာလေလေဘဲ ။ ဖြစ်နိုင်ရင် ပတ်ဂျီဆောင်း ကိုပစ်ထားခဲ့ပြီးဆာလောင်နေသည့် အဆာအိမ်ကို ဗိုက်ဖြည့်ပေးချင်တာ...။

"ထ,ပါတော့..ဂျီဆောင်းရယ်..စိတ်ပျက်လာပြီ"

ဗိုက်ကလေးကိုပွတ်၍ နံရံမှာချိတ်ဆွဲထားတဲ့နာရီအား.သက်ပြင်းချကာကြည့်မိသည်...။ လက်တံအရှည်က ၇ကိုညွှန်ပြနေပြီတဲ့...။

၇နာရီထိုးပြီးပါပြီ...။

"ဟာ..မင်းမိဘတွေကလည်းမအားဘူးလို့ ဖုန်းဆက်ထားတယ်ကွ..ပါးပါးနဲ့မားမားကလည်းမလာဘူး..ဟင့်..စိတ်ပျက်လာပြီ..မင်းကလည်းမထ,သေးဘူး ငါတစ်ယောက်ထဲ...အီဟီးး"

ပြောရင်းပြောရင်း ငိုသံပါစွတ်လာပြီး မျက်ရည်များပါကျလာသည်...။ လျှာရှည်တဲ့ အကြိုးဆက်အနေနဲ့ Chenle လေးတစ်ယောက် ထိုင်မရထ,မရဖြစ်ပြီး ဗိုက်ဆာနေရှာပြီ..

.
.

အာရုံတွေစုဆောင်းနိုင်ချိန် ပထမဆုံးကြားလိုက်ရသည့်အသံဟာတော့ ငိုသံပါပင်...သာမန် လူတစ်ယောက်ရဲ့ငိုသံပေမဲ့...ထိုငိုသံကြောင့် ဂျီဆောင်းရဲ့ ခန္ဓာကိုယ်ဟာ တုန်လှုပ်လာပြီး အသက်ရှူတွေပါကြပ်တဲ့ထိ..
ကြောက်စရာကောင်းတဲ့ဖြစ်ရပ်အချို့ထဲက တောင်းပန်ပြီးငိုယိုနေသည့် အိမ်မက်ထဲကကောင်လေးရဲ့အသံနဲ့လုံးဝဆင်တူနေသည်
ဆေးရုံကုတင်ပေါ်လှဲအိပ်နေရာမှဝုန်းခနဲထ,ထိုင်လိုက်သည်ထိ အိမ်မက်ထဲက ငိုသံနှင့်ဆင်ဆင်တူနေတဲ့ ငိုသံကြောင့်...သူ့ကိုအရမ်း ကြောက်လန့်နေသည်...

Chenle - "အား..လန့်လိုက်တာ..(sob). .ဟင်..မင်းအဆင်ပြေရဲ့လား??"

Chenle ဟာလန့်အောင်လုပ်လို့ ဂျီဆောင်းကို အော်ဖို့လုပ်လိုက်ပေမဲ့ ဂျီဆောင်းရဲ့မျက်နှာဟာလုံးဝသွေးပျက်နေသလိုဖြစ်ပြီး အသက်လုရှူနေတဲ့ပုံစံပင်...

You've reached the end of published parts.

⏰ Last updated: May 29, 2023 ⏰

Add this story to your Library to get notified about new parts!

!Who Do you Love! Where stories live. Discover now