3

98 14 6
                                    

ရာသီဥထုက တစ်နေ့ထက်တစ်နေ့ပို၍ အေးလာသောကြောင့် အရင်လို အနွေးထည်မဝတ်ဘဲဘယ်သူမှမနေနိုင်တော့ချေ ထိုထဲမှာ Chenle သည်ထိတ်ဆုံးက...။ ဂျီဆောင်း ကတော့ အရင်တိုင်းဝတ်နေကျ အပေါ်ဝတ် ဆွဲတာလေးနဲ့ အဆင်ပြေနေသည်ပင်....။

နေ့လည်ကျောင်းဆင်းပြီဖြစ်သောကြောင့်ကျောင်းသူကျောင်းသားများဟာ ကျောင်းဝန်းထဲတွင်အတော်ကိုများလွန်းလှသည်...သို့ပေမဲ့ ဂျီဆောင်း ရှာနေသည့်ကျောင်းသားသစ်လေးတော့မတွေ့သေး ။ စာသင်ချိန်တချိန်လုံးလည်း ထိုကျောင်းသားသစ်လေးဟာ ဂျီဆောင်းကိုလှည့်လှည့်ကြည့်ပြီး နဂါးမျက်စောင်းတွေထိုးထိုးကျွေးတာ မနည်း...။ တောင်းပန်သင့်သည်လို့ထင်သောကြောင့် ချိုချဉ် ထုတ်လေးကိုင်ကာ အခန်းထဲကနေဟိုကြည့်ဒီကြည့်နှင့်ရှာနေသော်လည်း အရိပ်ယောင်လေးတောင်မတွေ့သေးပေ...။
Chenle နဲ့စကားပြောတဲ့ထဲက တစ်ယောက်ကိုတွေ့သောကြောင့် ဂျီဆောင်းစဉ်းစား၍ မေးရင်ကောင်းမလားမမေးရင်ကောင်းမလားအကြံထုတ်နေသည်...။

Jisung - "မေးလိုက်တာ ပိုကောင်းတယ်"

အပြောနှင့်အတူ လူပါထ,၍ ထိုကျောင်းသားနားကို ချဉ်းကပ်၏...

"ဟိုလေ...ဒီနားမှာထိုင်တဲ့ Chenle ဆိုတဲ့ကျောင်းသားလေ ဘယ်နားမှာရှိလည်းသိလား??"

ထိုကျောင်းသားဟာ ပြန်မဖြေသေးဘဲ ဂျီဆောင်း ကိုအံ့ဩမူ 100% နှင့် ပြူးကြည့်နေသည်

"ဘယ်လိုတောင် မင်းငါ့ကိုစကားပြောလိုက်တာလား??"

ထိုကျောင်းသားစကားကြောင့်ဂျီဆောင်း မျက်ခုံးတော့တွန့်မိသား လူတစ်ယောက်က နောက်လူတစ်ယောက်ကိုစကားပြောလိုက်တာ ထူးဆန်းမနေပေမဲ့ ဂျီဆောင်းလို စကားမပြောဘဲတစ်ယောက်ထဲနေတတ်တဲ့သူက စကားလာပြောတာကတော့ထူးဆန်းနေလိမ့်မည်...။

"အာ..ငါပြောချင်တာက မင်းငါ့ကိုစကားမပြောဖူးဘူးလေ အဲ့ကြောင့်နည်းနည်း အံ့ဩသွားတာပါ"

"အာ..အဲ့လိုလား?"

"Chenle မဟုတ်လား??Chenle က..စောန သန့်စင်ခန်းဘက်ထွက်သွားတယ်.."

"ဪ..အမ်း ကျေးဇူး"

လက်ထဲက ချိုချဉ် ထုတ်လေးကိုတင်းနေအောင်ကိုင်၍ သိပ်မသွားဖြစ်တဲ့သန့်စင်ခန်းဘက်ကို အပြေးအလွှားသွားမိသည်..။ ဘာရယ်မဟုတ်ဘူး သူများပေါ် အပစ်ရှိနေတယ်လို့ခံစားရရင် ဂျီဆောင်းမှာတောင်းပန်တတ်တဲ့ စိတ်ထားတော့ရှိပါသည်...။
သန့်စင်ခန်းရှေ့ရောက်တော့မှ အပြေးနှုန်းကိုအရှိန်ချော့ကာ တံခါးကိုတွန်းဖွင့်၍ ဝင်လာခဲ့သည်...။ ဘေစင်ရှေ့မှာ လက်ဆေးနေတဲ့ ကျောင်းသားသစ်လေးအပြင်ဘယ်သူမှမရှိတော့ ဂျီဆောင်းထူးထူးဆန်းဆန်းလူတွေကိုရှာမိပြန်သည်...။ ထိုအချိန်ဟာ ကျောင်းသားတွေရဲ့နားချိန်မို့ သန့်စင်ခန်းဘက်မှာလူမရှိတာနေမည်...။
ရှိသင့်ပေမဲ့ မရှိသောကြောင့် ဂျီဆောင်း ရှာမိတာလည်း အထူးဆန်းကြီးဟုတ်မနေပြန်

!Who Do you Love! Where stories live. Discover now