အပိုင်း-၁

2.9K 214 98
                                    

"ငါ့လိုလူမျိုးက ဘယ်တစ်ဦးတစ်ယောက်ကိုမှ ငါ့ကိုယ်ငါထက် ပို ချစ်လာနိုင်မှာလည်းမဟုတ်ဘူး။ ဒါကြောင့်ငါ့ဆီကဘာမှမမျှော်လင့်နဲ့"

ပထမဆုံးစေ့စပ်တဲ့နေ့မှာ ပြောသော နှုတ်ထွက်စကားတွေဟာ သိပ်ခါးသီးစရာ။ ချစ်သူဆိုတဲ့ဝေါဟာရအောက် နှစ်ယောက်လုံးကိုမဖြစ်မနေရှိနေခဲ့ကြပေမယ့် ချစ်ခြင်း​မေတ္တာကင်းမဲ့တဲ့ သူတို့ဆက်ဆံရေးကြီးဟာ ဘာအဓိပ္ပါယ်မှရှိမနေ။ အထူးသဖြင့် တစ်သက်လုံးဒီလိုစကားမျိုးတွေကြားလာရတဲ့ namjoonအနေဖြင့် ပို၍ စိတ်ပျက်လက်ပျက်။

"မင်းလည်းသိမှာပါ။ ငါ့အသားကိုထိကိုင်ဖို့အတွက် မင်းမှာအဆင့်အတန်းမရှိသေးဘူးဆိုတာ..."

Kim seokjin....။
တစ်ချိန်မှာ သူ့ရဲ့အမျိုးသားဖြစ်မယ့်သူဟာ သိပ်ချောတာကလွဲ တစ်နေရာမှအချိုးမပြေ။ ​မောက်မာတတ်သူပီပီ  အဆင့်အတန်းဆိုတဲ့စကားကိုလည်း ပါးစပ်ဖျားကမချ။ ဘဝတစ်လျှောက်လုံးအထင်သေးသော မျက်ဝန်းတွေနှင့်ပင် သူ့အားကြည့်လာခဲ့တဲ့သူ။ လူတိုင်းအတွက်လေးစားအားကျရတဲ့ ပါမောက္ခဖြစ်နေလည်း Kim seok Jinအတွက်​တော့ အမှုန်အမွှားလေးလို။ သိမ်ငယ်တယ်။ စိတ်ပျက်ရတယ်။ မွန်းကြပ်တယ်။  ခက်တာက သူ့မှာ နှောင်ကြိုးလိုရုန်းလို့မရတဲ့ စာချုပ်တွေရှိနေတယ်။ လူမှန်းသိတတ်သည့် ဘဝလေးမှ စ ပါမောက္ခဖြစ်သည်အထိ သူတို့အိမ်၏ထောက်ပံ့ပေးမှုနှင့် ပြည့်စုံလာရသူအဖို့ စကားနိုင်လု တွန်းလှန်ဖို့ဆိုတာကလည်း လုံးဝမဖြစ်နိုင်ပါ။ ထို့ကြောင့်ဘယ်လောက်ခါးသီးတဲ့စကားဖြစ်နေပါစေ သူမျက်လုံးစုံမှိတ်ကျော်လွှားပစ်ခဲ့ရတာချည်း။ တစ်ခါတစ်လေတော့လည်း သူ့မှာရူးရူးမူးမူးမကျေနပ်ကြောင်း အော်ဟစ်ပစ်လိုက်ချင်ပါတယ်။

"ဝယ်ပေးထားတဲ့ဝတ်စုံကိုဝတ်သွားပါ။ အမြဲတမ်းစုတ်ချာနေတဲ့ အင်္ကျီတွေကို ​​စွန့်ပစ်သင့်တယ်မထင်ဘူးလား။ ငါ့အရှိန်အဝါကို မင်းကြောင့်အရောင်မမွဲစေနဲ့"

မချစ်ကြတာချင်းအတူတူ သူ၏နိုင်ထက်စီးနင်းဆန်မှုများအား တစ်နေ့ထက်တစ်နေ့ namjoonအတွက် ပင်ပန်းလာသည်။ သို့ပေမယ့် သူဘယ်လိုရုန်းထွက်ရမလဲမသိ။ ဒီအတ္တကြီးကြီး မာနကြီးကြီးလူတစ်ယောက်ဆီကနေ တစ်နေ့တော့ အဝေးဆုံးကိုထွက်ပြေးမည်။ သို့သော် လက်ရှိမှာ စိတ်ထဲကစကားတွေကိုတောင် အပြင်ထုတ်ပြောရဲတဲ့သတ္တိပင် သူ့မှာမရှိပါ။

မဟူရာမျဥ်းပြိုင်Where stories live. Discover now