" Simon... ငါ ဦးစိုးသာနဲ့ဒေါ်ကျော့ရှင်းတို့ရဲ့
သားအကြောင်းအပြည့်အစုံသိချင်တယ် တစ်ရက်အတွင်းရအောင်စုံစမ်းလိုက်"" ဟုတ်ကဲ့ပါ boss"
အဟက်! ဦးစိုးသာ ခင်ဗျားယုတ်မာခဲ့လို့
ကျုပ်ညီမလေး ဘ၀ပျက်ခဲ့ရသလို
ခင်ဗျားရဲ့ အသည်းအသက် သားရတနာလေးလည်း တစ်စစီပဲ့ကြွေပျက်ဆီးအောင် လုပ်ဖို့ အချိန်ကျပြီ။
သေခါနီးခင်ဗျားကို နှိပ်စက်ရမှာထက်
မျိုးမစစ်တဲ့ သွေးဆိုးကလေးကို
အရည်ဖျော်ပစ်ရတာက ပိုပျော်ဖို့ကောင်းမှာပါ။
ဟားဟား စောင့်သာနေပေတော့။ထူးအံ့ အံကိုကြိတ်ကာ စားပွဲပေါ်ရှိ ဓာတ်ပုံလေးကို ကိုင်ကြည့်မိသည်။
ဓာတ်ပုံထဲတွင် ပြုံးပျော်နေသော ကောင်မလေးအား ကောင်လေးတစ်ယောက်က ပါးလေးကို ဖျစ်ထားသည်။
ဒါကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်က ရိုက်ထားသောပုံလေး။ ညီမလေး ရင်ငြိမ်းဆာယာ ဆယ်တန်းအောင်တဲ့နေ့က မောင်နှမတွေကို
အိမ်တော်ထိန်းတစ်ယောက်က အမှတ်တရရိုက်ထားပေးတာဖြစ်သည်။ငယ်စဉ်ကပင် မိဘတွေက ဆုံးပါးသွားကြတာမို့ ထူးအံ့နဲ့ရင်ငြိမ်းတို့ကသာ သွေးသားရင်းချာအဖြစ်ကျန်ခဲ့သည်။
အမွေတွေကို ၁၈ပြည့်ချိန်မှာ တရား၀င်လက်ခံရရှိပြီးနောက် ထူးအံ့ဟာ ပညာရေးနဲ့စီးပွားရေးကိုတွဲဖက်လုပ်ကိုင်ကာ ညီမလေးကို လိုတရ ထားခဲ့သည်။ အရာအားလုံး ပြည့်စုံနေခဲ့ပေမယ့် ညီမလေး အသက်၁၇
ပထမနှစ်မှာတော့ ကံဆိုးမိုးမှောင်ကျတော့သည်။ဦးစိုးသာဟာ အဲ့တုန်းက အသက်လေးဆယ်ကျော်အရွယ်ယောကျာ်းတစ်ယောက်။
စီးပွားရေးလောကမှာ အတန်သင့်အောင်မြင်နေပြီး အရှုပ်တွေလည်းများတဲ့သူပင်။
တစ်နေ့မှာ ညီမလေးကို သူ့ရဲ့ ကုမ္ပဏီနှစ်ပတ်လည်ပွဲသို့ခေါ်သွားမိခြင်းကပင်
သေတွင်းထဲပို့မိသလိုဖြစ်ခဲ့သည်။
မိန်းမရှိရက်နဲ့ စားနေကျ ကြောင်ဖားကြီး
ဦးစိုးသာက ညီမလေးကို မျက်စိကျကာ
နောက်နေ့ကစ သူတို့နှင့် ရောတော့သည်။
အသက်ငယ်သော ထူးအံ့အတွက်
စီးပွားရေးကိစ္စတွေကိုပါ ၀င်ကူပေးလာသည်။
သဘောရိုးထင်ကာ ဦးလေးလို ယုံမိပြီးကာမှ
လူမလုပ်သည့် အလုပ်မျိုး သူက လုပ်ခဲ့သည်။
ရင်းနှီးနေသူမို့ အိမ်ကို ခနခနလာကာ စာရင်းအကြောင်း အခြား ကုမ္ပကီအကြောင်းတွေ ပြောတတ်သည်။
တစ်နေ့ အဲ့နေ့က ထူးအံ့ အလုပ်နဲ့ ခရီးသွားရတော့ အိမ်မှာ ရင်ငြိမ်းပဲ ကျန်ခဲ့သည်။
အိမ်အကူတွေ ရှိပေမယ့် အိမ်မကြီးထဲမှာတော့ ညီမလေးသာ နေသည်။သူမရှိမှန်းသိနေသော လူယုတ်မာက
ညီမလေးဆီ မုန့်တွေ လက်ဆောင်တွေနဲ့လာကာ ညီမလေးသောက်မယ့် ကော်ဖီထဲ စိတ်ကြွဆေးတွေထည့်ခဲ့သည်။ကူကယ်ရာမဲ့နေသော ညီမလေးကို
သူစိတ်ကြိုက်အသုံးချပြီး အဲ့တာကိုလည်း
မှတ်တမ်းတင်ကာ ပြန်ပြောရင် ဖြန့်မည်ဟု ခြိမ်းခြောက်ခဲ့သေးသည်တဲ့။သူ့ကို အသိမပေးရဲ ဘယ်သူ့ကိုမှလည်းမတိုင်ရဲတဲ့ ညီမလေးဟာ နောက်တစ်လအကြာမှာ
ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့သည်။
သေခါနီး ရေးပေးခဲ့သော ဒိုင်ယာရီ လေးကြောင့်သာ သူ ဒါတွေသိခဲ့ရခြင်း။ညီမလေးကို ကျူးလွန်တာမှန်ပေမယ့်
အဲ့အချိန်ကို အမိအရမြင်သူမရှိတာမို့
ထောင်ချ၍လည်းမရခဲ့။ ထိုလူက အဲ့အချိန်မှာ လူကြီးလူကောင်းလူကုံထံမို့ သက်သေမရှိသော အမှုဟာ အရာမထင်မည့်အပြင်
ကိုယ့်ညီမပဲ အရှက်ကမှာမို့
နာကြည်းစိတ်ကို မျိုသိပ်ရင်း နိုင်ငံခြားကို ကုမ္ပဏီခွဲရွှေ့ကာ နေသားကျဖို့ကြိုးစားခဲ့သည်။ ထောင်ကျတာထက်နာကျင်မှ သူကျေနပ်မှာမို့ ထိုလူကို ပခုံးတိုင်းနိုင်အောင်
ကြိုးစားခဲ့ပြီး ဆယ်နှစ်အကြာမှာတော့
ထိုလူယုတ်မာက လောင်းကစားတွေကြောင့်
ဖုတ်ဖတ်ခါနေပြီး ထူးအံ့ကတော့ အောင်မြင်မှုတွေနဲ့ ကျားနာတစ်ကောင်ဖြစ်ခဲ့ပြီ။ထူးအံ့နာမည်ကိုကြားရင် ရိပ်မိမှာစိုး၍
Simonနာမည်တပ်ကာ ထိုသူ့ကို ငွေတွေ ချေးပေးနေတာလည်းမနည်းတော့ဘူး။
မကြာခင်မှာ သူ့ကုမ္ပဏီတွေရော သူ့သားကို ရော သိမ်းလို့ရနိုင်တဲ့ ပမာဏရောက်နေပြီလေ။အဟက် တွေ့ကြပြီပေါ့ ဉီးစိုးသာ!!!
YOU ARE READING
You're my victim
Lãng mạnမင်းရဲ့ကံကြမ္မာကိုက ကိုယ့်အပိုင်ဖြစ်နေတာမို့ မွေးဖွားလာရခြင်းကိုပဲ အပြစ်တင်လိုက်တော့။....