အပိုင်း ( ၂)

4 0 0
                                    

  ဒီနေ့ ထင့်ကို လာခေါ်ကြမယ် ပြောတယ်

ထင့်ရင်တွေ တုန်ပြီး  ကြောက်နေမိတယ်။

ထင့်ဘ၀မှာ ခုလို တစ်ခါမှ မမြင်ဖူးတဲ့လူနဲ့

လက်ထပ်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ

မတွေးခဲ့ဘူး။

ထင့်အ၀တ်တွေကို မေမေက luggage နဲ့

သေချာထည့်ပေးထားတယ်။ ထင်ကတော့

ရေချိုးရင်း အတွေးနယ်ချဲ့နေမိတာ

အတော်တောင်ကြာပြီ...

" ဒေါက် ဒေါက် သားရေ မပြီးသေးဘူးလား

ခဏနေရင် ရောက်လာကြတော့မှာ

မြန်မြန်လုပ်နော် "

မေမေ့အသံကြားကာမှ အမြန် ရေချိုးတာကို

လက်စသတ်ရတယ်။

မေမေက ထင့်ကို မထည့်လိုက်ချင်ပေမယ့်

ဖေဖေ့စကားကို သူလည်း မပယ်ရှားနိုင်

တစ်ဖက်ကကြည့်ရင်လည်း ဖေဖေ

ထောင်ကျမှာထက် ထင် လက်ထပ်လိုက်ရတာက ပိုပြီး နစ်နာစရာမရှိဟု တွေးပုံပါပဲ

ဖွားဖွားသာရှိရင်တော့ ထင့်ကို ကာကွယ်မှာ
အသေအချာ။

..….............................................................
" Simon ငါစိတ်ချမယ်နော် ထင်ရှင်းသာ
ငါ့လက်ထဲ မရောက်မချင်း
ငါဘယ်သူဆိုတာ ဟိုလူ သိလို့မရဘူး "

" စိတ်ချပါ boss အကောင်းဆုံး လုပ်ခဲ့ပါမယ်"

ပြောဆိုပြီးနောက် အသင့်စောင့်နေသော
Audi ကားနက်ကြီးပေါ် Simon တက်လိုက်သည်။

၀တ်စားထားတာကတော့ တကယ့် high boss style ... Simon ကလည်း
နိုင်ငံခြားစပ်သူ ဖြစ်၍ ဆာယာ့ လောက်
အရပ်မမြင့်သော်ငြား ထွားထွားမြင့်မြင့်နှင့်
အရှိန်ဝါရှိသူ ဖြစ်သည်။

ကားထွက်သွားသည်ကို ကော်ဖီသောက်ရင်း
ကြည့်နေရာမှ ဆာယာ မဲ့ပြုံးတစ်ချက် ဖန်တီးမိသည်။

ဓာတ်ပုံထဲတွင်သာ မြင်ဖူးသော ပုပုသေးသေး ကြောင်ဖြူပေါက်လေးလို
ကောင်လေးကို စိတ်ဒုက္ခပေးရမှာ
တရားပါ့မလား မသိပေမယ့်
သူ့ညီမလေးကို မြင်ယောင်တိုင်း
သွေးတွေ ဆူပွက်လာကာ ကျားရိုင်းလို
အရိုင်းဆန်လာမိသည်။

You're my victimWhere stories live. Discover now