" မာမီ ဒယ်ဒီရော ပြန်မလာသေးဘူးလားဟင်"
ထမင်းစားပွဲတွင် တစ်ယောက်တည်းငူငိုင်နေသော မာမီ့ကို မေးလိုက်သည်။
နာရီက ၇နာရီကိုပင် ပြနေပြီ။" အင်း သား မင်းဒယ်ဒီက ဘယ်တုန်းကများ
အိမ်ပြန်စောလို့လဲ ပြောလိုက်ရင်လည်း
အလုပ်အလုပ်နဲ့ သူလုပ်လို့ စီးပွားရေးတွေလည်း ဖြူခါပြာခါကျနေပြီ ခုလည်း ဘယ်ဂျင်ဝိုင်းရောက်နေလဲမှ မသိတာ
လာပါ သားရယ် မာမီတို့စိတ်ညစ်နေလည်းအပိုပဲ ထမင်းစားရအောင်"ထမင်းဝိုင်းပေါ်တွင်တင်ထားသော
အသားဟင်းရယ် အရွကိကြော်တစ်ခွက်ရယ်
ဟင်းရည်သောက်ရယ်ကိုကြည့်ကာ သက်မမောချမိသည်။
ထမင်းပွဲအပြင်ဆင်ကြည့်ရုံနဲ့ စီးပွားရေးအခြေနေကိုသိပါသည်။ အရင်က ဟင်းပေါင်း လေးငါးမျိုး ရှိနေတတိသည့်အိမ်က
ခုတော့ သာမန်လေးဖြင့်သာ။အိမ်မှာ ထင့် ဆိုင်က ရတဲ့၀င်ငွေသာ အဖတ်တင်တော့သည့်မို့ ခြွေတာနေရတာတော့အမှန်။
ဒယ်ဒီဟာ လောင်းကစားကျေးကျွန်ဖြစ်ကာ
ကုမ္ပဏီတွေလည်း ဒေဝါလီခံရခါနီးဖြစ်နေပြီ။
အရင်က အိမ်အကူတွေဝိုင်းနေသောအိမ်တွင်
အခုတော့ ကြီးကြီးဝေနှင့် အမ ခင်ထားတို့သာ ကျန်တော့သည်။" မင်းအဖေက လောင်းကစားတစ်ခုတည်းမဟုတ်ဘူး။ မိန်းမတွေကိစ္စလည်း မလွတ်ဘူး။ငါတော့လေ မင်းမျက်နှာကြောင့်ရော
အသက်ကြီးမှ မကွဲမကွာချင်လို့သာ သည်းခံနေတာ တော်တော်ဆိုးလာပြီ"" သားလည်း သိပါတယ် မေမေရယ်
သားတို့မှ မတတ်နိုင်တာ ဘယ်လို ဖြောင်းဖျရမှာလဲ''စားချင်စိတ်လည်းမရှိတာနှင့် အရင်အပေါ်တက်လာခဲ့လိုက်သည်။
ထင် ကလေ အများအမြင်မှာသာဖူးဖူးမှုတ်ချစ်ခံရတဲ့ သူဌေးသား။
လက်တွေ့မှာတော့ ဖခင်မေတ္တာကို တောင့်တစွာ မျှော်လင့်နေရပြီး ဖခင်လုပ်သမျှ ဒဏ်တွေကို မိခင်နှင့်ခါးစည်းခံနေရတဲ့ သူတစ်ယောက်ပေ။ဒယ်ဒီ့ကို ငွေထုတ်ချေးထားတဲ့
" Sara group" ကလည်း ငွေတွေ ပြန်တောင်းနေပြီလို့ကြားသည်။
ဒယ်ဒီ ဘယ်လိုဖြေရှင်းမယ်တော့မသိ။
ထင့်ကို မချစ်ပေမယ့် ထင် ကတော့
မာမီနှင့်ဒယ်ဒီ့ကို အရမ်းချစ်ပါသည်။
မိဘတွေသာ ဒုက္ခ ကင်းမယ်ဆို
ထင် ဒုက္ခတွင်းထဲ ကျရလည်း မမှုပါပေ....ထင့်ရဲ့ ပန်းအလှဆိုင်လေးကလည်း
အမြတ်အရမ်းရှိလှတာမဟုတိတော့
ငွေသိန်းထောင်ချီကို ဆပ်မပေးနိုင်။
ဘယ်လိုတွေဖြစ်လားဦးမှာလဲ...ကံကြမ္မာရယ်
YOU ARE READING
You're my victim
Romanceမင်းရဲ့ကံကြမ္မာကိုက ကိုယ့်အပိုင်ဖြစ်နေတာမို့ မွေးဖွားလာရခြင်းကိုပဲ အပြစ်တင်လိုက်တော့။....