" ဦးစိုးသာ ခင်ဗျားကို ကျုပ် ရွေးစရာနှစ်ခုပေးထားတယ်နော် အချိန်တွေ သိပ်မဆွဲနဲ့
ကျုပ်က စောင့်ရတာ ကြိုက်တာမဟုတ်ဘူး"Simonရဲ့ တင်းမာနေတဲ့လေသံကြောင့်
ဦးစိုးသာ တုန်လှုပ်နေတာသိသာပါတယ်။
Bossသင်ပေးထားတဲ့အတိုင်း တစ်လုံးမလွဲအောင် သေချာသရုပ်ဆောင်ရမည်။" ကျုပ်က ခင်ဗျားသားကို ကိုက်မစားဘူး
ကျုပ်ရဲ့ အကိုနဲ့ လက်ထပ်ခိုင်းရုံပဲ"" တစ်ခုမေးချင်တယ် simon
ငါ့အကြွေးရှင်က မင်းလေ ဘာကြောင့်
ငါ့သားကို မင်းအကိုနဲ့လက်ထပ်ပေးချင်တာလဲ "" ကျုပ်က ခင်ဗျားအကြွေးတွေကိုလျှော်ပြီး
ခင်ဗျားသားကို သိမ်းမှာလေ ခင်ဗျားသားကျုပ်လက်ထဲရောက်ရင် ဘာလုပ်လုပ် မေးစရာမလိုပါဘူး သိပ်စကားများနေတာ
ထောင်ထဲ လက်ထိပ်နဲ့၀င်ချင်လို့လား
ကျုပ်အသိ ရဲမှူးတွေမှ အများကြီး ရှေ့နေတွေရောပဲ ဖြောင့်ချက်မပေးရဘဲ ထောင်နန်းစံချင်တာလား"Bossဘ၀အကြောင်း သိသူမို့ ဒီခွေးလို လူယုတ်မာကို ရွံမိသော်လည်း bossအကြံအောင်ဖို့ အောင့်အီး ပြောရပေမည်
" ငါ...ငါ လက်ခံပါ့မယ်"
အဟက်။ လူစိတ်မရှိသူမို့ ကိုယ့်ကောင်းကျိုးအတွက် သားကိုချနင်းတာ မဆန်းပါ။" သေချာလား။ ကျုပ် အသံဖမ်းထားတယ်နော် ခင်ဗျားသားကို နောက်နှစ်ရက်နေရင် ကျုပ်လာခေါ်မယ် အကြွေးလျှော်ပေးတယ်ဆိုတဲ့ စာချုပ်ကိုလည်း လက်မှတ်ထိုးကြတာပေါ့"
" ကောင်းပါပြီ ငါ သားကို ရှင်းပြထားလိုက်မယ် နောက်နှစ်ရက်မှ တွေ့ကြတာပေါ့
တစ်ခုတော့ တောင်းဆိုပါရစေ
သားကို အသက်အန္တရာယ်မရှိအောင်တော့ ထားပါ"အဟက်! ခင်ဗျားသားက ရှင်ရက်သေရမှာ
Bossညီမလေးကို လုပ်ခဲ့သလိုပေါ့....
******************************************
"Boss .... Mission Completeပါတယ်
မကြာခင် bossလက်ထဲ ရောက်လာတော့မှာပါ။""Good job, Simon
I'll give you reward for this"အဟက်!!!!!!ထင်ရှင်းသာ sorryပဲ ။ မင်းမွေးလာတာကိုက ကိုယ့်အစေအပါးဖြစ်ပေးဖို့လေ။
ရင်ငြိမ်းရေ....ကိုကြီး ညီမလေးရဲ့ နာကျင်မှုတွေအတွက် သွေးကြွေးယူပေးမယ်!!
******************************************
ဒေါ်ကျော့ရှင်း သတင်းစာဖတ်နေတုန်း
အိမ်ထဲ အရှိန်ဖြင့်၀င်လာသော ကားသံကြောင့် ကြည့်လိုက်တော့ ခင်ပွန်းသည် ဖြစ်နေသည်။ ဘာများအလောကြီးနေပါလိမ့်" ကို ဘာဖြစ်လာတာလဲ အလန့်တကြား"
" မင်းသားပြန်ရောက်ပြီလား"
"ရောက်ပြီလေ ကိုရဲ့ ၈နာရီကျော်နေပြီကို
ကျော့တို့က ထမင်းစားစောင့်နေသေးတယ်
ကိုပြန်မလာတော့ စားနှင့်လိုက်တာ""အပိုစကားတွေ မပြောနဲ့ ကျော့
မင်းသားကိုတက်ခေါ်လိုက် ငါ မင်းတို့ကိုပြောစရာရှိတယ်"" ဟုတိပါပြီ"
******************************************
" ဒယ်ဒီ သားကို ဘာပြောမလို့လဲဟင်"
ဆိုဖာပေါ် ခြေပစ်လက်ပစ်ထိုင်နေသော ဒယ်ဒီက ချွေးတွေနဲ့။
" သား....မင်း လူတစ်ယောက်နဲ့လက်ထပ်ရမယ်"
"ဗျာ!"
" ကို ဘာတွေလုပ်နေတာလဲ သားကိုဘယ်သူနဲ့လက်ထပ်ခိုင်းမလို့လဲ""ငါ့မှာ အကြွေး သိန်းတစ်ထောင်နီးပါးရှိတာသိတယ်မလား အဲ့သူက ငါ့ကို တစ်လအတွင်းမဆပ်နိုင်ရင် ထောင်ထဲထည့်မှာ။
ထောင်မကျချင် သားကို သူ့ဆီပို့ဆိုလို့
ငါလက်ခံခဲ့တယ်။ ယောကျာ်းလေးတစ်ယောက်က နစ်နာစရာမရှိဘူးလေ""ကိုစိုးသာ ရှင် အဖေရောဟုတ်ရဲ့လား
ရှင့်မိုက်ပြစ်ရှင်ခံပါလား
သားလေးကို သူစိမ်းလက်ထဲ ထိုးထည့်စရာလား ကျွန်မလက်မခံဘူး ရှင်လုပ်ခဲ့တာတွေ သည်းခံခဲ့ပေမယ့် ခုတစ်ခါတော့ မရဘူးနော်!"" ကျော့ရှင်း!!! မင်းပါးစပ်ပိတ်ထားစမ်း
ငါ့တစ်သက် မင်းတို့ကို ချမ်းချမ်းသာသာ အဆင့်အတန်းမြင့်မြင့်ထားပေးခဲ့တာပဲ။
ခု အဆင်မပြေတော့မှ င့ါကို ဒီစကားပြောထွက်တာလား ဟမ်"ဒယ်ဒီနဲ့မာမီ့ကိုကြည့်ကာ ထင် ၀မ်းနည်းလာသည်။ ထင် လူကြောက်တတ်ပေမယ့်
ဒယ်ဒီ့ကိုတော့ ထောင်ထဲ မ၀င်စေချင်ပါ။
ဒါကြောင့် လက်ခံဖို့ ဆုံးဖြတ်လိုက်သည်။" မာမီရယ် အပြစ်တွေမတင်ကြပါနဲ့တော့
သား သားလက်ခံတယ် ဒယ်ဒီ့အတွက်
သားကျေးဇူးပြန်ဆပ်ပါ့မယ်
သားကို ဖြစ်စေချင်တာသာ ပြောပါ"" သားကို ကျေးဇူးတင်ပါတယ်ကွာ
သားအတွက် အန္တရာယ်မရှိအောင်
ဒယ်ဒီ စောင့်ရှောက်မှာပါ။
သားကို သဘက်ခါ လာခေါ်လိမ့်မယ်
လက်ထပ်ဖို့ကိုတော့ ဘယ်လိုစီစဉ်မသိဘူး"" ဟုတ်ကဲ့ပါ သား သွားတော့မယ် ဒယ်ဒီ"
မာမီကလည်း မျက်ရည်လည်ရွဲနဲ့ ကြည့်ကာ
ပြောစရာပျောက်နေပုံ။
မိဘကို ကျေးဇူးဆပ်ရာရောက်တယ်ဆိုတဲ့ စိတ်ရှိပေမယ့် ကြောက်စိတ် ၀မ်းနည်းခံပြင်းစိတ်လည်းဖြစ်ရသည်။
ယောကျာ်းလေးဖြစ်ပြီး ဦးဆောင်ငွေမရှာနိုင်လို့ ရှက်မိရသည်။
ဘ၀ကံအတိုင်းပါပဲလေ......
ဘာများတတ်နိုင်ပါ့မလဲ
YOU ARE READING
You're my victim
Romanceမင်းရဲ့ကံကြမ္မာကိုက ကိုယ့်အပိုင်ဖြစ်နေတာမို့ မွေးဖွားလာရခြင်းကိုပဲ အပြစ်တင်လိုက်တော့။....