အပိုင်း (၃)

0 0 0
                                    

ကားအနက်ရောင်လေးက
ခမ်းနားစွာ တည်ရှိနေသော ခြံ၀န်းကျယ်ကြီးရှေ့ ရပ်လိုက်တဲ့အချိန်တိုအတွင်းမှာပဲ
သံပန်းတံခါးအနက်ရောင်ကြီးက
ပွင့်လာသည်။

ကွန်ကရစ်ခင်းထားသော လမ်းအတိုင်း
မောင်း၀င်လာခဲ့ရာ အိမ်ကြီးဆီကိုရောက်ဖို့
အတော်မောင်းရသည်။ လမ်းဘေးတစ်ဖက်ဆီတွင် စိမ်းစိုသောမြက်ခင်းများ၊ အလှပန်းအိုးများနှင့် တစ်သီးတစ်သန့်ဆောက်ထားဟန်တူသော ကား၄စီးယှဉ်ရပ်ထားသော
ဂိုဒေါင်ကြီးတည်ရှိသည်။

တိုက်ကြီးက ထင်တို့အိမ်ထက် ၂ဆလောက်
ကြီးကာ ၄ ထပ်ခွဲတောင်မို့
Mini Condo လိုပင် ။
ကားရပ်လိုက်တယ်ဆိုရင်ပဲ
အိမ်ထဲက maid costume နဲ့ ကောင်မလေး
၂ ယောက် ပြေးထွက်လာကြသည်။

" ကဲ ဆင်းလို့ရပြီ ဒါ မင်းနေရမယ့် အိမ်ပဲ''
ထင့်ကို တိုက်ရိုက်ပြောလာသည်မို့
ခေါင်းညိတ်ကာ ဆင်းလိုက်သည်။
ကောင်မလေးတွေက ကားနောက်မှ
Luggage တွေကို သယ်ထုတ်ကြသည်။

'' ဒီက အကိုလေး အတွက် အခန်းက
ဒုတိယထပ်မှာပါ ။ ခနနေ ကျွန်မတို့
ပြန်ဆင်းလာပါ့မယ် ။''

''' ဟုတ်ကဲ့ ''

'' မင်းကို ငါ့အကိုနဲ့ အရင် မိတ်ဆက်ပေးမယ်
သူက ဒီအိမ်ကြီးရဲ့ ပိုင်ရှင်ပဲ။
ငါက ဒီမှာနေတာ မဟုတ်ဘူး။ ''

ထင် အံ့ဩမိသွားသည်။ ဖေဖေ့အကြွေးရှင်က ဒီလူမဟုတ်လား။ ဘာလို့ သူ့အကိုနဲ့
လက်ထပ်ခိုင်းပြီး အတူနေခိုင်းကသလဲ။
သူ့အကိုကရော ယောကျာ်းချင်းလက်ထပ်ချင်ပါ့မလား။ ထင့်ခေါင်းလေးက စဉ်းစားမရတော့ပေ။
သူခေါ်ရာ နောက်သာ ‌ဖြေးဖြေးချင်း
လိုက်သွားမိသည်။
၀င်၀င်ချင်းမှာပင်အလှဆင်ထားသော ကျွန်းပန်းပုရုပ်တွေက တခမ်းတနား။
ညာဘက်မှာ မှန်များဖြင့်ကာရံထားသော
ဧည့်ခန်းကြီးတစ်ခု...

ကျွန်းတွေကို အသားပေးသုံးထားသော
ဆက်တီကြီးများက ခန့်ထည်စွာ။
သူ ခုံအလွတ်တစ်ခုမှာ ထိုင်လိုက်တော့
Simon ဆိုတဲ့လူက
'' ငါ သွားခေါ်လိုက်အုံးမယ် ခနစောင့်နေ''
'' ဟုတ်ကဲ့ ''
ဧည့်ခန်းထဲမှာပင် တွဲရပ်ရှိနေသော
အခန်းတစ်ခုထဲသို့ ၀င်သွားသည်။
ထင်တို့အိမ်မှာ မိသားစုဓာတ်ပုံတွေ
အိမ်ရှေ့မှာ ချိတ်ဆွဲထားပေမယ့်
ဒီအိမ်မှာ ပန်းချီကားကြီးတွေကလွဲ
ဘာဓာတ်ပုံမှ မရှိပေ။
............................................................
ဆုံလည်ကုထားထိုင်ပေါိတွင်ထိုင်ကာ
အလုပ်လုပ်နေသော အရှိန်အဝါအပြည့်နှင့်
ခန့်ထည်သော ယောကျာ်းတစ်ယောက်က
အလုပ်ထဲ စိတ်နှစ်နေရင် ပိုလို့ပင်ကြည့်ကောင်းလှသည်။

You're my victimWhere stories live. Discover now