အခန်း(၂) သက်ငြိမ်ခြင်းဖြင့်လွန့်လူးသော

13.3K 352 31
                                    

ဆူညံလွန်းသည့်နှိုးစက်သံသည် အကြားအာရုံ၌စူးရှစွာလာရောက်ရိုက်ခတ်နေလျက်မျက်လုံးတို့အားပီပြင်စွာမဖွင့်ရသေးခင်မှာပင် နီနီ သည်ဗလုံးဗထွေးနိုင်လှစွာအော်ဟစ်
လိုက်မိ၏  ..။


" ဒီဒီ ရေ  .. နှိုးစက်ကြီးပိတ်လိုက်စမ်းပါ .. "


နောက်ထပ်မိနစ်အနည်းငယ်ကြာသည်အထိ
နှိုးစက်သံကရပ်မသွားသည်မို့ နီနီ သည်
စောင်ပုံကြားမှဒေါသတကြီးရုန်းထလိုက်၏ ..။ငယ်သံပါအောင်မြည်ဟည်း
ဆူညံနေသည့် နှိုးစက်အားဆောင့်လျက်
ပိတ်ချလိုက်ပြီးနောက်မလှမ်းမကမ်းရှိ
တစ်ယောက်အိပ်ခုတင်အားကြည့်
လိုက်မိသည် .. ။
အသားရောင်မွေးပွစောင်သည်
ကုတင်အောက်တွင်တစ်ဝက် ကော်ဇောကြမ်းပြင်ပေါ်တွင်တစ်ဝက်ဖရိုဖရဲစီ
ရှိနေလေရာအငယ်မတစ်ယောက်
သူမ ထက်အရင်အိပ်ယာထသွား
ပြီထင်၏ .. ။ ဆယ်တန်းစာမေးပွဲဖြေဖို့ရန်
လေးလခန့်သာလိုတော့သည့်အချိန်တွင်မှ
စာတွေအသားကုန်ကြိုးစားပြနေသည့် ဒီဒီ
သည် ညတုန်းကတစ်ယောက်အိပ်ခုတင်သွင်းလျက် သူမ အခန်းသို့လာအိပ်ခြင်းဖြစ်လေသည် .. ။
"မမနီ အဖော်ရှိတော့စာကြည့်ရတာအားရှိတာ
ပေါ့ .. " ဟုအကြောင်းပြချက်ပေးလျက်စာအုပ်ပုံတပွေ့တပိုက်နှင့်ရောက်လာလေသောဒီကောင်မလေးသည် ဆယ်တန်း၌
ဖင်ဆွေးကြမ်းဆွေးဆိုသလိုပင်နေနေတာ
ဖြစ်တော့၏ .. ။ တကယ်တမ်းတွက်ကြည့်မည်ဆိုလျှင်အသက်အားဖြင့် နှစ်နှစ်ခန့်သာကွာခြားသလို တစ်တန်းစီသာကွာခြားလျက်
ညီအစ်မနှစ်ယောက်အတူတူကျောင်း
တက်လာခဲ့ကြတာဖြစ်သည် .. ။
နီနီ ကတော့ဆယ်တန်းကိုနှစ်ချင်းပေါက်
မဟာတ်သော်ငြား နှစ်နှစ်မြောက်တွင်အောင်မြင်သွားခဲ့၏ ..။
ဒီဒီ ကတော့ညီအစ်မနှစ်ယောက်အတူဖြေ
သည့်နှစ်တွင်လည်းကျသလို ယခု နီနီ
တက္ကသိုလ်တက်ဖို့ပြင်ဆင်သည့်အချိန်အထိ
ယောင်ဝါးဝါးလုပ်နေဆဲပင် .. ။ ကျူရှင်
တွေ၊အနီးကပ်ဝိုင်းတွေဆိုလျှင်လည်းစုံစိနေ
အောင်လျှောက်တက်လျက် သွားတော့သွား
နေတာပဲဖြစ်သည် .. ။ သူမ နှင့် သက်တူရွယ်တူတွေ တက္ကသိုလ်အသီးသီး
၌တက်နေကြသည်ကိုမြင်လျှင်အောင်ချင်
လိုက်တာလည်းနှစ်ယောက်မရှိ .. ။
သို့သော်စာကျတော့ဟုတ်တိပတ်တိကြိုး
စားသည်မရှိသည့်  ဒီဒီ တို့ကတော့
ရေသည်ပြဇာတ်နှင့် အောက်ဆီဂျင်ဓါတ်ငွေ့ထုတ်ဖော်ပုံအား တစ်သက်လုံးကျက်
သွားဖို့စိတ်ကူးနေလားမသိပါ ..။

ချစ်သူကိုယ်စား .. မွှေးမြလေသလား 🌼ခစြျသူကိုယျစား .. မှှေးမွလသေလား 🌼Nơi câu chuyện tồn tại. Hãy khám phá bây giờ