အခန်း(၄)သိမ်မွေ့သောနှောင်ဖွဲ့ခြင်းဖြင့်

9.6K 288 49
                                    

တဖျောဖျောကျနေသည့်ရေပန်းအောက်၌
မတ်မတ်ရပ်လျက်အေးစိမ့်သည့်အထိ
အတွေ့တို့အားငြိမ်သက်စွာခံစားနေမိ၏ .. ။ မျက်နှာကိုပင့်မော့လိုက်သည့်အခါတွင်
စိုကပ်ကပ်ဆံစများအကြားမှဖြတ်
သန်းစီးဆင်းလာသည့်ရေစက်ရေပေါက်တို့
မှာ နဖူးမှသည်မေးဖျားတစ်လျှောက်
စုန်ဆင်းသွားခဲ့သည် .. ။
သူ သည် ခပ်လျော့လျော့ခါးထောက်လိုက်
ပြီးနောက် ရှေ့တူရူရှိကိုယ်လုံးပေါ်မှန်ထဲ၌
မြင်နေရသည့်မိမိပုံရိပ်အားစူးစိုက်စွာကြည့်
နေမိ၏ .. ။
ခြောက်ပေနှင့်တစ်လက်မတိတိရှိသော
အရပ်အမောင်း၊တောင့်တင်းကြံ့ခိုင်သည့်
လက်မောင်းကြွက်သားများ၊ ကျယ်ဝန်း
ခိုင်ကျည်သောရင်အုပ်ကျယ်တို့သည်
အရွယ်ရောက်ပြီးသားယောကျ်ားလေး
တစ်ယောက်ဖြစ်သည်ဆိုခြင်းအတွက်
သိသာသောပြယုဂ်များပင်မဟုတ်ပါလား ..။
ဒါတင်မကသေးပါ .. ။
အားကစားသမားတစ်ယောက်ပီပီ
Sixpack တိတိထွက်ပေါ်လာသည်အထိ
ချွေး , သွေးတို့နှင့်ရင်းနှီးကာ ဂရုတစိုက်
လေ့ကျင့်တည်ဆောက်ထားသည့်
ခန္ဓာကိုယ်အချိုးအစားနှင့်
သူ သည်အများအမြင်၌မည်သို့ပင်
သန်မာကြံ့ခိုင်သည့်ယောကျ်ား
တစ်​ယောက်ဖြစ်​နေပါ​စေ "မြတ်လေးရုံ" မိသားစုဝင်တို့၏ရှေ့မှောက်တွင်တော့
ကလေးတစ်ယောက်သဖွယ်သတ်မှတ်ခံနေရဆဲအဖြစ်ကိုတော့ အမှန်အကန်
ပင်စိတ်ပျက်မိလေ၏ .. ။
မိနစ်တချို့ကုန်လွန်အပြီးတွင်တော့
သူ သည်ရေပန်းခလုတ်အား
ပိတ်ပစ်လိုက်ပြီးနောက် စတီးတန်းပေါ်၌
အထပ်လိုက်ရှိနေသည့်တဘက်ဖြူများ
အနက်မှတစ်ထည်ကိုယူ၍ခါးတွင်ပတ်
လိုက်သည် ..။
ထို့နောက် နောက်တစ်ထည်ထပ်ယူလိုက်
ပြီး ရေစိုလက်စဆံပင်များကိုခပ်ကြမ်းကြမ်း
ပွတ်သုတ်နေလျက်ရေချိုးခန်းထဲမှထွက်လာခဲ့၏ ..။ အိပ်ခန်းတွင်းသို့ရောက်သည်နှင့် အဝတ်အစားချက်ချင်းမလဲဖြစ်သေးဘဲ
ကုတင်၏ခေါင်းရင်းဘက်ခြမ်းရှိမှန်ချပ်
ရှည်တို့ကို ကာရံထားသောခဲရင့်ရောင်
ခန်းဆီးလိုက်ကာရှည်တို့အားဆွဲဖွင့်လိုက်သည် ..။
အပေါ်မှစီးမိုး၍မြင်နေရလေသည့်ညရှူခင်း၌
မီးရောင်စုံတို့ဖြင့်တဖိတ်ဖိတ်လက်နေသော
ရန်ကုန်မြို့၏မြင်ကွင်းကျယ်အားတွေ့မြင်
နေရလေသည် .. ။ ဤအရပ်သည် သူ ၏ဇာတိမြေမဟုတ်လေသော်ငြားနေထိုင်ခဲ့သည်မှာသုံးနှစ်ဝန်းကျင်ခန့်ပင်ရှိပြီမို့အသားတကျတော့ဖြစ်နေပြီပင် .. ။
သူအဖို့နေရာဒေသအစွဲတွေမှာလည်း
သိပ်အရေးမကြီးဘဲစိတ်ပျော်ရွှင်ရာ၊
စိတ်ကူးအိမ်မက်တချို့အားအထစ်အငေါ့မဲ့စွာအကောင်အထည်ပေါ်နိုင်စွမ်းရှိမည့်နေရာသည်သာအဓိကကျသည်မို့ရန်ကုန်မှာလည်းနေပျော်သည်ဟုဆိုနိုင်၏ .. ။
သို့သော် သူ့အားဤနေရာ
တွင်ကြာရှည်စွာအခြေတကျဖြစ်သွားမည်
ကိုအင်မတန်စိုးရိမ်ပူပန်တတ်ကြသည့်
အဘွားနှင့်အမေဖြစ်သူအားအမှတ်ရမိပြန်တော့မျက်ခုံးတန်းအစုံမှာအလိုအလျောက်
ပင်တွန့်ချိုးလျက်အသာအယာခေါင်းယမ်းလိုက်မိပြန်သည် .. ။
ယခုလည်း မန္တလေးရောက်လာသည်ကိုတောင်မှ အိမ်သို့မပြန်ဖြစ်ခဲ့သည့်သတင်းသည် ဘွား တို့နားသို့ပေါက်ကြားပြီးသည်
မှာအသေအချာဖြစ်သလို မကြာခင်မှာပင်
မေမေ့ ဆီကဩဝါဒများစွာ
ကိုလည်းနားဒုက္ခခံရဖို့ရှိနေသေး၏ .. ။
သို့သော် သူ ကလည်း ကိုယ်စိတ်ချမ်းသာရာ
ကိုသာ လုပ်တတ်သည့်ကောင်စားမျိုးဖြစ်
လေရာအခုလည်းရိုးရာမပျက်ပဲမို့နာရီဝက်လေးဆယ့်ငါးမိနစ်လောက်အလိုက်သင့်ရေလိုက်ငါးလိုက်လေးနေပေးဖို့အတွက်လည်းပြင်ဆင်ထားပြီးပြီပင် .. ။

ချစ်သူကိုယ်စား .. မွှေးမြလေသလား 🌼ခစြျသူကိုယျစား .. မှှေးမွလသေလား 🌼حيث تعيش القصص. اكتشف الآن