အခန်း(၂၇)သံယောဇဥ် ကောင်လေး

7.3K 304 41
                                    


အိမ်ရှေ့ဝရံတာငယ်လေးတွင်မတ်တပ်ရပ်
နေလျက်မနက်ခင်း၏ထွက်ပြူစနေခြည်
နုနု၏နွေးထွေးခြင်းကိုခံစားနေမိသည် .. ။
ဖွေး သည် လည်ပင်တွင်ပတ်ထားသည့်မျက်နှာသုတ်ပုဝါလေး၏အစွန်းထောင့်လေးဖြင့်ပါးပြင်နှစ်ဖက်ရှိမ​ခြောက်တတ်​သေး
သည့်​ရေစက်တို့ကိုသုတ်လျက်မှ ခြံစည်းရိုးအုတ်တံတိုင်းတွင်နွယ်တက်​နေကြသည့်
အ​ရောင်စုံစက္ကူပန်းတို့ကိုနှစ်လိုစွာ​ငေး​နေမိ၏ .. ။

အစိမ်းရောင်ရင့်ရင့်သစ်ရွက်သစ်ခက်တို့အကြားတွင် ပန်းခရမ်းရင့်ရောင်၊အဖြူရောင်နှင့်အဝါရင့်ရင့်စက္ကူပန်းပွင့်တို့သည်
ထုံးခြောင်ရောင်သုတ်ထားသည့်အုတ်တံတိုင်းနှင့်ပနံရစွာရှိနေလျက် သဘာဝပန်းချီ
ကားတစ်ချပ်နှယ်မင်သက်ငေးမောဖွယ်ရာ
ကောင်းလှ၏ .. ။ စက္ကူပန်းပွင့်တို့တွင်မက်မောနှစ်သက်လောက်စရာမွှေးရနံ့တို့
မရှိသော်ငြားသူ၏ပကတိသောအရောင်အသွေးဖြင့်လောကကိုအလှဆင်နေသည်မို့ ဖွေး ကတော့ အဆင်းမဲ့ပန်းကလေးကို
အလွန်မြတ်နိုးသည် .. ။
နီယွန်မီးတိုင်တို့ဖြင့်နီးကပ်နေသည့်ခြံစည်းရိုးတွင်အုပ်ခဲစွာပေါက်ရောက်နေသည်မို့ ညဘက်ဆိုလျှင်လည်းအလှတစ်မျိုးဖြင့်
အပေါ်မှစီးမိုး၍မြင်ရသည် .. ။ တကယ်တမ်းတော့ယခုလိုအလုပ်ပိတ်ရက်မျိုးတွင် မနက်စောစောအိပ်ယာနိုးသည်နှင့်ဝရံတာငယ်သို့ထွက်ကာ မျက်စိပသာဒဖြစ်စရာကောင်းလွန်းသည့်သဘာဝရှူခင်းတို့ကိုငေးကြည့်
နေရခြင်းသည် ဖွေး ၏ ကမ္ဘာငယ်လေးအတွက်တန်ဖိုးဖြတ်မရသည့်ဆုလာဘ်
တစ်ခုပင်ဖြစ်၏ .. ။

ဖွေး သည် ခန္ဓာကိုယ်လေးကိုခပ်ကိုင်းကိုင်း
ထားပြီး ဝရံတာသံပန်းဘောင်လေးတွင်
တံတောင်ဆစ်လေးထောက်လျက်မေးဖျားတင်ကာရည်ရွယ်ချက်မဲ့စွာ ဟိုဟိုဒီဒီငေးမောနေမိစဥ်မှာပင်  Ringtone ကိုဆူညံစွာကြားလိုက်ရသဖြင့် အခန်းတွင်းသို့ပြန်ဝင်
လာခဲ့သည် ..။

စာကြည့်စားပွဲပေါ်မှ laptop ဘေးတွင်တင််ထားသည့် ဖုန်းလေးကိုကောက်ယူကာဖွင့်လိုက်ရင်းသွားတန်းလေးများပေါ်အောင်ပြုံးလိုက်မိ၏ ..။ညတုန်းကလည်း vedio call
ဖြင့်ဖုန်းပြောခဲ့ကြသည်မှာ ညဆယ်နာရီထိုးသွားသည် .. ။  နောက်ဆုံး ဖွေး မှ အတန်တန်အိပ်ခိုင်းနေ၍ မချချင်ချချင်နှင့်ဖုန်းချသွားခဲ့သည့် ကောင်လေးသည် နေရောင်ခြည်တို့ထွက်ပြူစမနက်စောစောမှာပင်ဖုန်းဆက်
လာသည်မို့ သူပေးထားသည့် plan sim card ကိုသာထည့်မထားပါက တစ်လလျှင်
ဖုန်းBill ဖိုးမနည်းကုန်မည်ဟုလည်းတွေးလိုက်မိသည် .. ။

ချစ်သူကိုယ်စား .. မွှေးမြလေသလား 🌼ခစြျသူကိုယျစား .. မှှေးမွလသေလား 🌼Donde viven las historias. Descúbrelo ahora