"ငါရဲ့ကြင်ယာဖော်လေးရေ မင်းဘယ်ချိန်များ ငါ့စီလာခဲ့မှာလည်း မင်းကိုမျှော်နေတာ ငါ 15နှစ် ရှိနေပြီ""ဟုတ်ပါတယ် jkရဲ့ vampire သက်တမ်းကနှစ်တွေအကြာကြီး အသက်ရှင်နိုင်သလို အခုဆို jkအသက်က 26 ရှိပြီပေါ့ အသက်အရ 26ဆိုပေမဲ့ သက်တမ်းအရဆိုရင်နှစ်ပေါင်း200ကျော် သာရှိ သက်တမ်းမြင့်ဆုံးvampire မျိုးနွယ်ဝင်သာဖြစ်သည်"
"Jkသူ့ရဲ့ကြင်ယာဖော် ကိုစောင့်နေတာအခုဆို နှစ်တွေကြာလို့ 15ဆိုတဲ့ အချိန်တောင်ကုန်သွားခဲ့ပြီ"
"ဒါပေမဲ့အခုချိန်သူရဲ့ကြင်ဖော် ပေါ်မလာသေးဘူးပေါ့.....""Jkစဉ်းစားနေတုန်း ရုတ်တရတ် နှာခေါင်းထဲလူနံ့ရလာတာ ကြောင့်မျက်လုံးဖွင့်ပြီး စူးစိုက်ကြည့်တော့သူအာရုံထဲကိုပေါ်လာတဲ့ တောထဲကိုဝင်လာကြတဲ့လူတစ်စု"
"ဟက် သားကောင်တွေပဲ"
"Jkလည်း စိတ်ဝိညာဉ်လွှင့်ပြီး တောအုပ်ထဲဝင်လာတဲ့လူတွေနား သွားကြည့်ပြီးဝင်လာတဲ့လူတွေကိုတောပတ်လမ်းဖြစ်အောင်စိတ်ညှို့ပြီး သူအိမ်ကြီးရှိရာကို ခေါ်လာခဲ့တာပေါ့...."
"ဝါး အိမ်ကြီးက လှလိုက်တာကွာ"
"ဟုတ်တယ် ဒီလိုတောထဲမှာ ဒီလိုအိမ်ကြီးကိုဘယ်သူကများဆောက်ထားတာလဲမသိဘူး"
"လူမနေဘူးထင်တယ် ခြောက်ကပ်နေတာပဲ အိမ်ကြီးက ကျောတော့ချမ်းတယ်"
"သူတို့တွေအိမ်ကိုပြောနေပေမဲ့ အိမ်အပေါ်ဆုံးထပ်ကနေသူတို့ကိုမဲ့ပြုံးပြုံးလျက်အနီရောင်မျက်လုံးပိုင်ရှင် Vampire jkကိုတော့သူတို့မမြင်ခဲ့ဘူးပေါ့.."
"ငါတို့အိမ်ထဲဝင်ကြည့်ကြမလား"
"အေး ဝင်ကြည့်မယ် လေ့လာရေးပေါ့ကွာ"
"သူတို့အဖွဲ့လည်းအိမ်နားကပ်သွားပြီး ခြံတံခါးလှပ်မယ်လုပ်တော့"
"ကျွီ...."
"သူဘာသာပွင့်သွားတဲ့တံခါးကြောင့်သူတို့လည်းလန့်နေကျတယ်"
"ဒါပေမဲ့လူငယ်ပြီးပြီး စပ်စုချင်စိတ်ကြောင့် အိမ်ကြီးရှိရာကိုတဖြည်းဖြည်းချင်ကပ်သွားခဲ့တာပေါ့"