Unicode #
'ယောင်း ကြောက်တယ် ဟင့်ဟင့်'!
Jkရင်ခွင်ထဲတိုးဝင်ကာ အတင်းငိုယိုနေတဲ့ကောင်လေး။
'မကြောက်နဲ့တော့နော် ကိုယ်ရှိတယ်'!
Jkလည်းပြန်ထွေးပွေ့ထားရင်း အကြောက်လွန်လို့တုန်နေတဲ့ခန္ဓာကိုယ်လေးကို ပုတ်ပေးကာချော့နေသည်။
'ကိုယ်တို့အဆောင်စီသွားရအောင်နော်'!
'ချီ ဟင့် ချီ'!
မျက်ရည်တွေစီးကျရင်ချီလို့ပြောလာတာကြောင့် ဆွေ့ကနဲကောက်ပွေ့ကာအဆောင်စီပြန်ခေါ်လာသည်။
ပြီးရင်ဖြစ်သမျှကိုချော့မေးရမယ်မလား။
အဆောင်ပြန်ရောက်တော့ ခုတင်ပေါ်ချပေးကာ စောင့်ခြုံပေးထားပြီးအပြင်ခဏထွက်မို့ကိုတောင် ကြောက်တယ်ဆိုတာကြောင့်ဘေးမှနေပေးခဲ့သည်။
'မကြောက်နဲ့နော် ကိုယ်ရှိတယ်'!
'ဟုတ် အနားကနေထွက်သွားပါနဲ့နော် taeကြောက်လို့'!
'အင်း ယောင်းနိုးမှတူတူထွက်ကြမယ်နော် မသွားဘူးဆေးဆေးအနားယူနော် ယောင်း'!
'ဟုတ် အိပ်မယ်နော်'!
'အင်း အိပ် ကိုယ်ရှိနေပေးမယ်'!
'ဟုတ်'!
အဲ့လိုပြောမှနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတဲ့ပေါက်စပင်။
ဘေးကနေမနိုးမချင်းအဖော်ပြုပေးကာ တချက်တချက်ယောင်ရင်လည်းဖင်လေးပုတ်ပြီးပြန်အိပ်အောင်လုပ်ပေးရသေးသည်။
နေ့လယ်စောင်းလောက်မှ တအင်းအင်းနိုးလာတဲ့ ပေါက်စ။
'နိုးပြီလား အချစ်'!
'ဟုတ်'!
'ကြောက်နေသေးလား အချစ်'!
'ဟင့်အင် ကြောက်တော့ပါဘူး အခုနည်းနည်းအဆင်ပြေသွားပါပြီ အရှင်'!
'ဘယ်လိုဖြစ်တာလဲ ပြီးရင်ကိုယ့်ကိုသေချာပြောပြ'!
'ဟုတ် အခုတော့သိပ်အဆင်မပြေသေးလို့ နောက်မှပြောပြပါ့မယ်အရှင်'!
'အင်း အခုဗိုက်ဆာနေပြီလား'!
'ဟုတ် ထမင်းပေါင်းစားချင်တယ်'!