Unicode #
'jeon ပြီးပြီးလား နောက်ကျနေမယ် ဟိုကျိပုကစိတ်မရှည်ဘူး'!
'ငါ့အကြောင်းသိရင်လည်းမြန်မြန်လုပ်လေ'!
'အသက်ရှည်မယ်နော် မင်းလည်း ပြောတုန်းရောက်လာတာ'!
'ငါတို့က ဝီရိယရှိတယ်လေ မင်းလိုအအိပ်ပုတ်မှမဟုတ်တာ'!
'တော်ပြီး မင်းရန်မဖြစ်တော့ဘူး အလှပဲပြင်တော့မယ်'!
Taeလည်းမှန်တင်ခုံရှေ့သွားထိုင်ကာ သူလိမ်းနေကျ strawberry နံ့သင်းသင်းလေးမွှေးတဲ့ face cream လေးလိမ်းပြီး သူရွေးထားတဲ့အဝတ်အစားဝတ်လိုက်သည်။
'jeon အဝတ်လဲတော့လေ'!
'အင်း ကိုယ်အကုန်ပြီးပြီး အဝတ်လဲပြီးရင်သွားကြမယ်'!
'ဟုတ် jeon ယောင်းအိတ်တွေကားပေါ်သွားတင်လိုက်ဦးမယ် jeon ပြီးရင်ဆင်းလာခဲ့နော်'!
'အင်း ယောင်း'!
Taeလဘ်းခရီးဆောင်အိတ်တွေဆွဲပြီးအောက်ထပ်ဆင်းသွားကာ သွားမဲ့ကားလေးပေါ်တင်ပြီး ပစ္စည်းတွေပြန်စစ်နေလိုက်သည်။
'အာ မေ့တော့မလို့ jeon ရေ'!
အပေါ်ထပ်ပြတင်းပေါက်ကနေခေါင်းထွက်ကာ သူခေါ်တာကိုဘာလိုလို့လဲဆိုပြီးမေးလာသည်။
'ဘာလိုလို့လဲ ယောင်း'!
'ယောင်း အနွေးထည် မာဖလာနဲ့နှုတ်ခမ်းအဆီဘူးလေးယူခဲ့ပေး'!
'အင်း ကိုယ်ယူခဲ့မယ်'!
'minလည်းအဲ့ဒါတွေဝတ်ထားတော့ ဟိုကဒီကရာသီဥတုထက် အဆမတန်အေးတယ်'!
'ဟုတ် အဲ့နားရောက်ရင် ဝတ်မယ်လေ အခုကဒါလေးနဲ့အဆင်ပြေပါတယ် ကိုကို'!
'အင်း'!
'ယောင်းရော့ ဝတ်ထားဒါလေးတော့'!
'ဟုတ် jeon'!
Taeလည်းjkကမ်းပေးလာတဲ့အနွေးထည်လေးကိုဝတ်ပြီး လေးယောက်သားကားပေါ်တူတူတက်ခါ မိဘတွေကိုနှုတ်ဆက်ပြီး သူတို့လိုရာခရီးကိုစထွက်ခဲ့ကြသည်။
'jmနဲ့ygနဲ့ လက်မထက်ရသေးပဲ jmကိုရောက်ဖူးအောင်အလည်ခေါ်လာချင်းပင်'!
'jeon သူကဘယ်လောက်ကြာကြာမောင်းရလည်း'!
'ခန့်မှန်းခြေအရ 4နာရီလောက်တော့မောင်းရမယ်ထင်တယ်'!