အဲ့နေ့ကစပြီး tae ဟာအိမ်ထဲအိမ်ပြင်မထွက်သလိုကျောင်းကိုလည်းမသွားတော့ဘူးပင်။
"အန်တီ taeရှိလား"
"ရှိတယ် jmလေး အပေါ်မှာ"
"ဟုတ် အန်တီ"
Jmလည်းအပေါ်ထပ်ကtaeအခန်းကိုတက်လာခဲ့တော့သည်။
"Tae ငါဝင်လာမယ်နော်"
"အင်း ဝင်လာလေ"
Jmလည်းအခန်းထဲဝင်ပြီးတံခါးပိတ်ကာtaeရှိတဲ့ခုတင်ပေါ်ထိုင်လိုက်တော့သည်။
"Taeဘာလို့ကျောင်းမလာတာလဲ"
"ငါ မတက်ချင်တော့ဘူး"
"အဲ့လိုလုပ်လို့မရဘူးလေ ကျောင်းစာတွေအများပျက်ရင်ဘယ်လိုလုပ်မှာလဲ"
"မသိဘူး ငါ ငါအခုသူ့ကိုလွမ်းတယ် jm"
Taeလည်းjmပုခုံးပေါ်ခေါင်းလေးမှီကာ ရှိုက်ကြီးတငယ်ငိုနေတော့jmလည်းနောက်ကျောလေးကိုပွတ်ကာနှစ်သိမ့်ပေးနေတော့သည်။
"ငါနားလည်ပါတယ် မင်းခံစားချက်ကို"
"ဘာလို့ ချစ်နေရင်ရတာကို ဘာလို့သဘောမတူရတာလဲ"
"သူကငါ့တို့လိုလူမှမဟုတ်တာ"
"ဒါပေမဲ့ လူလိုနေလို့ရတာပဲ ငါသူ့ကိုအရမ်းချစ်တယ် ငါ သူ့ကိုမစွန့်လွှတ်ချင်ဘူး"
"တိတ်တိတ် မငိုနဲ့တော့ နည်းလမ်းတစ်ခုခုတော့ရှိလာမှာပါ"
"အင်း မင်းလည်းမအားဘူးမလား ပြန်တော့လေ ငါအဆင်ပြေတာမလို့"
"အေး ကျန်းမာရေးဂရုစိုက်နော် တစ်ခုခုစားဦးသိလား"
"ငါဘာမှမစားချင်ဘူး စားချင်စိတ်လည်းမရှိဘူး ငါသူ့ကိုပဲတွေ့ချင်တယ်"
ခုတင်ပေါ်ကနေထသွားပြီးပြတင်းပေါက်ခုံလေးပေါ်ထိုင်ကာပြတင်းပေါက်အပြင်ကိုမျှော်ကြည့်ရင်းပြောလာတဲ့taeကဘယ်လောက်ဝမ်းနည်းနေလဲဆိုတာသိသာလွန်းသည်။
"အေးပါ ငါနောက်နေ့ထပ်လာခဲ့မယ်နော်"
"အင်း တံခါးသေချာပိတ်သွားပေး"
Jmလည်းလွှတ်ထားပေးလိုက်ပြီးတံခါးသေချာပိတ်ပေးကာပြန်သွားတော့သည်။
