၂၃

3K 260 2
                                    

အေးမြတဲ့အရိပ်ဆိုပြီး အဓိပ္ပါယ်ရတဲ့ ဆာယာ ဟာ သူ့ဘဝအတွက်တော့ မှီခိုစရာ အေးရိပ်မရှိခဲ့ရှာပေ။ လောကီဘုံဝယ် တစ်ဦးတည်း လျှောက်လှမ်းရင်း ကြီးပြင်းလာသူမို့ အရာရာကို တစ်ယောက်တည်းပဲရင်ဆိုင်တတ်သည့်သူ။ ရှေ့ဆက်လျှောက်ရမယ့် လမ်းတွေကိုလည်း တစ်ဦးတည်းပဲ ဆက်လျှောက်ဖို့ ကြံရွယ်ထားမှန်း  သူ သတိထားမိခဲ့ပါသည်။ ဆာယာ ဟာ အခြားသူတွေကိုသာ အေးရိပ်ပေးခဲ့ပေမယ့် သူ့အတွက် အေးရိပ်ကိုတော့ မျှော်လင့်မနေခဲ့သူ။

နှလုံးသားအေးရိပ်လေးအတွက် မှီတွယ်စရာ၊ နားခိုစရာ အရိပ်တစ်ခုအဖြစ် သူသာလျှင် ရှိနေပေးချင်သည်။ ဘေးဒုက္ခတွေကြုံလာလျှင် ကာဆီးလို့  မထိမခိုက်ရလေအောင်  တယုတယထားချင်မိပါရဲ့ ဆာယာ။ အိပ်မက်ဆိုးတွေနဲ့ ဖြတ်ကျော်ရတဲ့ ညတွေမှာ ရင်ခွင်ထဲထွေးပွေ့လို့  နှစ်သိမ့်ပေးချင်မိပါရဲ့။ ရင်ထဲက စိတ်ဒဏ်ရာကို အချစ်နဲ့ဆိုလျှင် ကုစားလိုရမည်ထင်ပါသည်။

"ဘဝတစ်သက်လုံး အနားမှာရှိနေမယ်ဆို ခွင့်ပြုပေးမလား ဆာယာ"

ချစ်မိသူရဲ့မျက်ဝန်းတွေဟာ ဆွဲငင်စရာမရှိပါဘဲ စိတ်ဘဝင်ကို နစ်မြုပ်သွားစေအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ မျက်ရည်ကြည်တွေကပင် ကျောက်စီထားလေသလား တလက်လက်တောက်ပနေခဲ့ကာ  ထိတွေ့ဖို့မဝံ့လောက်သည်အထိ လှရက်လွန်းပါဘိ။

ဆရာတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို ငဲ့ကွက်လွန်းလှသဖြင့် အကြင်နာတွေသိုဝှက်ထားခဲ့သော်ငြား အချစ်ဆိုတာမျိုးက တားဆီးမရနိုင်တဲ့အရာပဲမဟုတ်ပါလား။ တောင်ကျရေလို အရှိန်အဟုန်နဲ့ကျဆင်းလာသော ချစ်ခြင်းတွေဟာ ဆာယာလေးရဲ့ ဘဝတစ်လျှောက်လုံးစာအတွက် လုံခြုံအေးမြစေနိုင်မှာပါ။

"ပြန်ဖြေပါဦး ဆာယာလေးရဲ့"

"သူကြီးက ထိပ်တုံးခတ်မှာကို မကြောက်ဘူးလား"
ငိုသံစွက်သော အသံလေးဖြင့် ပြန်မေးလာသည်။ ပါးပြင်ထက်ကျဆင်းနေသော မျက်ရည်စက်တို့ကို လက်ဖြင့် သုတ်ဖယ်ပေးရင်း  ရယ်ကာမောကာနဲ့ ပြောလိုက်သည်။

" ထိပ်တုံးက ခြေထောက်ကိုပဲ ခတ်ထားလို့ရမှာ  ကိုယ့်နှလုံးသားကိုတော့ ထိပ်တုံးနဲ့​ခတ်ထားလို့ ဘယ်ရမလဲ"

ဆာယာ_ completed Where stories live. Discover now