၂၀

3K 287 5
                                    

ဝါလကင်းလွတ်သီတင်းကျွတ်ရက်ဟာ တောရွာငယ်များ၏ ရွာဘုရားပွဲတော်ကာလတွေသာ ဖြစ်တော့သည်။ပွဲတော်ရက်တွေမှာ တစ်ရွာနှင့်တစ်ရွာကူးလူးကြရင်း မုန့်တွေဖလှယ်ကြသည်ကလည်း ချစ်စရာဓလေ့တစ်ခု။အသားဟင်း၊ငါးဟင်းမှ စကာ ပဲမျိုး၊အချဥ်စုံလင်အောင် ဟင်းအဖွယ်ဖွယ်ချက်ပြုတ်ကြပြီး လာသမျှလူကို တည်ခင်းဧည့်ခံတတ်ကြသည်။

" ရွာသာရွာက ဆရာလေးပဲ လာပါဦးတော် ကျုပ်တို့အိမ် ဝင်ပြီး လက်ဖက်ရည်ကြမ်းလေးသောက်ပါဦး"

လက်ဖက်ရည်ကြမ်းသောက်ရန်ဖိတ်ခေါ်ကြပေမယ့် အမှန်တကယ်တော့ မုန့်အမျိုးမျိုး တည်ခင်းဧည့်ခံခြင်းပင်။ ရာသီစာ အသီးအနှံတွေအပြင် မုန့်သြဇာ၊ မုန့်ဆီကြော်ကလည်း မပါမဖြစ်။

" မောင်ရာဇရေ မင်းအဖေ သူကြီးတို့ရော နေကောင်းကြရဲ့လား"

"ကောင်းပါရဲ့ ကြီးတော်၊ ကြီးတာ်တို့ရော မာပါရဲ့လား"

"ကျုပ်တို့က မာပါ့တော်၊ ဒေါင်ဒေါင်ကိုမြည်လို့"

ထွေရာလေးပါးပြောကြဆိုကြပြီးနောက် အခြားအိမ်တွေဆီ အလည်အပတ်ဝင်ကြပြန်သည်။ ထိုရွာမှ သူကြီး၏ အိမ်အရောက်မှာတော့ သူကြီးက ရင်ဖွင့်စကားဆိုလာသည်။

"ဆရာလေးရေ၊ အိမ်ကသားနဲ့ သူ့သူငယ်ချင်းနှစ်ယောက်ကတော့ အထက်တန်းတောင် တက်ကြတော့မယ် မထင်ဘူးဗျာ"

"ဘာဖြစ်လို့လဲ သူကြီးရဲ့"

ပြောင်းဖူးဖက်ရွက်ဆေးလိပ်တိုကြီးကို ခဲနေလေသော သူကြီးက ဆေးလိပ်ငွေ့တွေမှုတ်ထုတ်ပြီးမှ စကားဆက်သည်။

"အဓိက က စာမလိုက်နိုင်တာပဲဗျို့၊ အ​ခြေခံကမပိုင်၊ ကျူရှင်တက်ဖို့ကလည်း အခက်အခဲရှိလေတော့  အင်းးးး"

"ကျွန်တော်ကူညီပေးနိုင်တာမျိုးရှိရင် ပြောပါသူကြီး"

သူကြီးဘက်မှ စကားစရခက်ဟန်ရှိသည်မို့ သူကသာလျှင် လမ်းကြောင်းပေးလိုက်တော့သည်။

"အနီးအနားမှာရှိတာဆိုလို့ ဆရာလေးပဲ၊ဆရာလေးကို အားကိုးပါရစေ။ကျုပ်ရွာက ကလေးတွေကို ကျူရှင်ပြပေးနိုင်မလားဗျာ။ ကျုပ်ရွာက ကလေးတွေကို ပညာတတ်သိပ်ဖြစ်စေချင်လွန်းလို့ပါ"

ဆာယာ_ completed Donde viven las historias. Descúbrelo ahora