🖤 PSYCHO 🖤

10.1K 304 17
                                    


Part - 10 ( 5/ Jan )

ဂျစ် ဒေါသက အဆမတန်ကို Tempo မြင့်တက်သွားပြီဖြစ်၏။ အခုဆို မွန်းစတားကို ဆေးကုထားရသလို သူအချစ်ဆုံးခွေးမို့ သိပ်စိတ်တိုနေသည်။

ကုလားထိုင်ပေါ်တွင်ထိုင်လျက်ရှိနေကာ လက်နှစ်ဖက်ကို နောက်ပြန်ကြိုးချည်ခံထားရသည့် ဆူး။ ပါးစပ်ကိုလဲ တိပ်နဲ့ဆွဲကပ်ပိတ်ထားကာ ဆူး က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

" ဆူး.....ခင်ဗျား... သိပ်ပြေးချင်နေတာပဲ။ "

ဂျစ် ဆူးမျက်နှာရှေ့ သူ့မျက်နှာကို တိုးကပ်လိုက်ရင်း လွန့်ခနဲပြုံးသည်။

" ကောင်းပြီ......ပြေးရစေ့မယ်။ "

ပြောလဲပြော ဂျစ် ခါးကိုပြန်မတ်ရင်း ​ဆူးကို မခိုးမခန့်ကြည့်လာ၏။

" ထွက်ပေါက်မှားနေတယ် ဆူးရဲ့....အိမ်ရှေ့က တံခါးမှာ ကျုပ်ဗို့အားကို အမြင့်ဆုံးတင်ထားလိုက်ပြီ... ခင်ဗျားရဲ့လွတ်လမ်းက...".

သူ လက်ပြသည့်ဆီ ဆူး ယောင်ယမ်းလိုက်ကြည့်မိသည်။

" ခြံအနောက်မှာ.....ခြံအနောက်ကနေ ထင်းရှူးတောဘက်ပေါက်တယ်.....သွားနိုင်ရင် ကားလမ်းမကြီးကိုရောက်မယ် ။ "

ဆူး မျက်မှောင်ကျုံ့မိသွားသလို.....

" ငါ့ကို ဘာလို့ ဒါတွေလာပြောပြနေတာလဲ..... "

ဂျစ် အမူအယာက မခိုးမခန့်.....။

" ခင်ဗျား အမဲလိုက်ဖူးလား ဆူး.....

ဆူး ခပ်တည်တည်လေး သူ့ကို စူးစိုက်ကြည့်နေမိသည်။

" ကျုပ်ကတော့ အမဲလိုက်ရတာကို သဘောကျတယ်....."

ပြောလဲပြော ဆူးထိုင်နေသည့် ခုံနောက်ဝင်ရပ်ကာ လက်မှကြိုးတွေကို ဆွဲဖြည်ပေးလိုက်သည်။ ပြီးတော့ သူ သွေးအေးအေးနဲ့ ပြုံးနေ၏.....မဟုတ်မှ.....။

" ပြေးတော့.....ဆယ့်ငါးမိနစ် ပြည့်တာနဲ့ ကျုပ် စပြီးလိုက်မှာ.....တွေ့ရင်....သတ်.....မယ်။ "

ဆူး အကြောင်သားလေး ငေးကြည့်နေမိဆဲပင်။ ဂျစ်က သူ့လက်မှ နာရီကိုပြန်ကြည့်ရင်း......

" တစ်မိနစ်ကုန်သွားပြီနော်....."

ဟင်.....။
ဆူး မယုံမရဲလေး အိမ်နောက်ဘက်တံခါးဆီ တစ်လှမ်းချင်း လျှောက်သွားရင်း သူ့ကိုလဲ အလစ်မပေးရဲ။

Psycho 🔞 ( Complete) Donde viven las historias. Descúbrelo ahora