P.16(5/feb)

7.2K 249 41
                                    

🖤 Psycho 🖤
Part - 16

အခန်းတံခါးပွင့်သွားသလို နူး မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ငေးခနဲ ဖြစ်သွား၏။ အိပ်ယာထက် ပက်လက်ကလေးအိပ်နေသည့် ဆူး။ကပျာကယာ အနားပြေးသွားမိကာ မမ လက်လေးကို ဆွဲယူလိုက်၏။

ဟင်...။
အေးစက်တဲ့အထိအတွေ့နဲ့အတူ ဆူးရဲ့ လက်ကလေးတစ်ဖက်ဟာ သူမလက်ထဲကနေ ပြန်ပြုတ်ကျသွား၏။

" ဆူး....ဆူး.....မထိနဲ့.....ဆူးကိုမထိနဲ့ဆို။ "

ဂျစ် ဗိုက်မှဒဏ်ရာကို ဖိအုပ်ရင်း သွေးအရွှဲသားဖြင့် ဆူးဆီပြေးလာကာ အပေါ်ကနေ အုပ်မိုး၍ဖက်ထား၏။

" မလိုက်သွားရဘူး.......မလိုက်သွားရဘူးနော်။ မောင့်ကိုထားပြီး လိုက်မသွားပါနဲ့။ "

ဂျစ် ပုံစံက သွေးရူးသွေးတန်းပင်။ ရဲကားအသံတွေ ကြားလိုက်ရတော့ ဂျစ် ဆတ်ခနဲ ဖြစ်သွား၏။ ဟုတ်သည်.....မြေအောက်ခန်းထဲမှ ထွက်ထွက်ချင်းကို နူး ရဲစခန်းကိုဖုန်းဆက်ခဲ့သည်။

ဂျစ် မျက်လုံးပြာပြာတွေက စူးစူးရဲရဲ ဖြစ်သွား၏။ နူးကို ဒေါသတကြီး လှည့်ကြည့်ရင်း နံရံပေါ် ချိတ်ထားသည့် ပုဆိန်ကို ဆွဲဖြုတ်ကာ ယားခနဲ အော်၍ ရွယ်ချလိုက်သည့်ခဏ....

! ဒိုင်း.....ဒိုင်း.....!

မစ္စတာဘရန်နာ သေနတ်ကို သေချာချိန်ရွယ်ရင်းမှ မျက်တောက်မခတ် စိုက်ကြည့်နေသည်။ ဂျစ် ပါးစပ်ထဲမှ သွေးတွေပွက်ခနဲအန်ကျကာ ဒူးထောက်ကျသွား၏။

! အင့်.....!

အခန်းလေးထဲ ပြန့်ကျဲနေသည့် သွေးတွေ။
လူမဟုတ် သတ္တဝါမဟုတ်သည့် နစ်ခ်......အိပ်ယာထက် အသက်မဲ့နေသည့် ဆူး၏အလောင်းကို တွေတွေကြီးစိုက်ကြည့်နေသည့် နူး။

မမ သေဆုံးတာ ကြာပြီဖြစ်ပုံရ၏။

@@@@@@@@@@@

ဟုတ်သည်.....ဆူး ဟာ သေဆုံးခဲ့တာ ကြာပါပြီ။

" ခင်ဗျားကို သတ်ပစ်မယ်.....ကျုပ်ကလေးကို အိမ်သာပိုက်ထဲ ဆွဲချပစ်တယ်ပေါ့.....ခင်ဗျားလို အယုတ်တမာမကလေ....."

ဂျစ် ဆူးကို လည်ပင်းပြေးညှစ်ခဲ့သလို သတိကပ်သည့်အချိန်ကျ ဆူးဟာ အသက်မရှိတော့ပါ။

Psycho 🔞 ( Complete) Donde viven las historias. Descúbrelo ahora