🖤 PSYCHO 🖤
Part - 13ထိုရက်တွေအတွင်း ဂျစ် ဆူးကို အတော်ဂရုစိုက်၏။ အကြမ်းဆန်သော ဝံပုလွေဆိုးတစ်ကောင်၏ အပြုအမူတွေအစား ညင်သာနူးညံ့တတ်သည့် သိုးပေါက်လေးပမာ ကြင်နာယုယပြန်သည်။ အခုလဲ ဆူး စားချင်သည့် ပန်းသီးကို အခွံခွာကွာ အစိတ်လေးတွေသေချာစိတ်ပေးနေကာ ဧည့်ခန်းထဲ TV ကြည့်နေသည့် ဆူး ကို မကြာမကြာ ထွက်ကြည့်သေး၏။
" ဆူး....ဒီမှာ မောင် ပန်းသီးတွေ စိတ်ခဲ့ပြီ...စား..."
ဧည့်ခန်းထဲမရှိတာမို့ ဂျစ် ခြေလှမ်းတွေ တုန့်ခနဲ ရပ်သွား၏။ လက်ထဲမှ ပန်းသီးစိတ်ပန်းကန်ကို စားပွဲပေါ် ချလိုက်ကာ အကြည့်တို့က ဟိုဒီကျီးကန်းတောင်မှောက်။
ပွင့်နေသည့် မြေအောက်ခန်းတံခါးကြောင့် ဂျစ် ခြေလှမ်းတွေ လှေကားအတိုင်း ဆင်းချလာသည်။
" ဆူး....."
ပြန်ထူးသံမကြားရပေမယ့် ဆက်ဝင်လာတော့ စင်တစ်ခုပေါ် စီရီတင်ထားသည့် ပုလင်းတွေကို ငေးစိုက်ကြည့်ရင်း သူသောက်နေကျ Davidoff စီးကရက်ကို သူမ၏ လှပစွာသော အသဲပုံနှုတ်ခမ်းမှာ ဖိကိုက်ထားသည်။
" ကိုယ်ဝန်ကြီးနဲ့ကို ဘာလို့ မနှစ်မြို့စရာ ကောင်းတာတွေ ကြည့်နေရတာလဲ...."
ဂျစ် စီးကရက်ကို ဆွဲယူပစ်လိုက်ရင်း ကြမ်းပြင်ပေါ် ပစ်ချကာ ရှူးဖိနပ်ဖြင့် တက်နင်းပစ်၏။ သူ့ပုံစံကို ဆူးက ငဲ့ကြည့်လာရင်း တီးတိုးပြောလာသည်။
" မောင် 6$ ကို နင်းပစ်လိုက်တာပဲ။ "
Davidoff စီးကရက်ဟာ ကမ္ဘာ့စျေးအကြီးဆုံး စီးကရက်တွေထဲက တစ်ခုဖြစ်သလို Swiff က Brand ဆိုလဲ မမှားပါ။ Swiff အထက်တန်းလွှာ လူတန်းစားအတွက်တော့ မစိမ်းတဲ့ စီးကရက်ပင်။
" မောင် ပန်းသီးတွေ စိတ်ထားတယ်။ အပေါ်ပြန်တက်ရအောင်။ "
သူ့အပြောကို နားဝင်ဟန်မရပဲ သူမရှေ့တည့်တည့်မှ ပုလင်းထဲရှိ ဆေးရည်စိမ်ထားသော မျက်လုံးကို ငေးစိုက်ကြည့်နေသည့် ဆူး...။
" လှတယ်နော်....."
ဂျစ် ထူးဆန်းစွာ ဆူး၏ မျက်နှာကို ငေးမိသွားသည်။
VOUS LISEZ
Psycho 🔞 ( Complete)
Roman d'amourFic name အတိုင်းပါပဲ။ မောင် နဲ့ မ ကိုမှ ဆိုက်ကိုဆန်တဲ့ စိတ္တဇလူသတ်သမား မောင်လေး နဲ့ မာနကြီးကြီး ခပ်ထက်ထက် မမတို့ ရဲ့အချစ်ဇာတ်လမ်းပါ။ 20+ မို့ အဆင်ပြေမှ ဖတ်စေချင်ပါတယ်။