🖤 PSYCHO 🖤
Part - 12ရေချိုးခန်းထဲမှ ထွက်လာသည့် ဆူးပုံစံကိုကြည့်ရင်း ဂျစ် မျက်စပင့်မိသွားရသည်။ ဇာအဖြူကိုမှ အပါးသားမို့ အတွင်းသားတွေကိုမြင်နေရသည့် Bathrobe မျိုး သူမပဲ ရှာရှာဖွေဖွေဝတ်တတ်သည်။ တစ်ခါတစ်ခါ သူ့ရှပ်အင်္ကျီကြီးတွေ ယူဝတ်တတ်သလို အကျင့်မကောင်းသည်က ဘယ်တော့မှ ပြန်မပေးပဲ သိမ်းသွား၏။
" ဆူးကကွာ.....မောင့်အဝတ်အစားတွေလဲ ဆူးယူဝတ်တာ....."
" ဘာလဲ.....မဝတ်ရဘူးလား။ "
မျက်နှာလေးထေ့ပြီး ထီမထင်သည့်ပုံစံဖြင့် ပြန်မေးလာသည့်အခါ ဘာကြောင့်မှန်းမသိအောင် သူ ခေါင်းယမ်းပြီးသားဖြစ်နေခဲ့ပြန်သည်။ အခုလဲကြည့်.....ရေစိုနေတဲ့ ဆံပင်တွေကို တဘက်တစ်ထည်ဖြင့် သုတ်ရင်း အိပ်ယာထက် တင်ပါးလွှဲလေး ခြေချိတ်ထိုင်နေ၏။
" ဆူး.....မောင့် အနားခဏလာ။ ပြောစရာရှိတယ်။ "
" ပြောချင်တဲ့လူက လာရမှာ မဟုတ်ဘူးလား။ "
ကြည့်....အဲ့လိုတင်စီးတဲ့မိန်းမပါဆို။
ဂျစ် အနားလျှောက်လာရင်းမှ ဆူး၏ မေးစေ့ကို ခပ်ဆတ်ဆတ်လက်ဖြင့် အသာဆွဲပင့်လိုက်သည်။" ခင်ဗျားနှုတ်ခမ်းတွေက ........ပြွတ်!"
တစ်ချက်ဆွဲနမ်းပစ်လိုက်သလို မျက်ဝန်းတို့စုံမှိတ်ရင်း အရသာကောင်းကောင်းခံသလို ပုံစံဖြင့် ဟက်ခနဲရယ်လာ၏။
" အင်းးးးးးmocha taste ပဲ.....စွာလို့ထင်တယ်...."
ဆူး နှုတ်ခမ်းလေး ညွတ်ကျသွားကာ သူ့ကိုမထိတရိ ပင့်ကြည့်လာရင်းမှ.....
" မင်း ကြိုက်တယ် မဟုတ်လား......."
ဂျစ်က ခပ်ရွတ်ရွတ်ပြုံးရင်းမှ သူ့ရှပ်အင်္ကျီအဖြူကို ဆွဲချွတ်ကာ အခန်းအပြင်ထွက်သွားရင်း ဖြေသွားသည်က ခပ်ကြောကြော။
" မောင် Mocha ကို ကြိုက်တာမဟုတ်ဘူး.....ခင်ဗျားနှုတ်ခမ်းကိုကြိုက်တာ။ တကယ်လို့ ခင်ဗျားနှုတ်ခမ်းက ကျုပ်မုန်းတဲ့နှင်းဆီအရသာဆိုရင်တောင် ကြိုက်နေမိမှာပဲ။ "
ဟုတ်တယ်.....သူ ဆူးကို အဲ့လောက်ထိ စွဲလန်းတယ်။ Sex,Touch တွေမပါဝင်ပဲကို အရိပ်လေးကအစ ငေးကြည့်နေချင်လောက်အောင် သူစွဲလန်းတဲ့ တစ်ဦးတည်းသော မိန်းမ။
VOUS LISEZ
Psycho 🔞 ( Complete)
Roman d'amourFic name အတိုင်းပါပဲ။ မောင် နဲ့ မ ကိုမှ ဆိုက်ကိုဆန်တဲ့ စိတ္တဇလူသတ်သမား မောင်လေး နဲ့ မာနကြီးကြီး ခပ်ထက်ထက် မမတို့ ရဲ့အချစ်ဇာတ်လမ်းပါ။ 20+ မို့ အဆင်ပြေမှ ဖတ်စေချင်ပါတယ်။