O M G

664 57 8
                                    

Telegram ခေတ်စားသော အချိန်ကာလ

လူတိုင်းလိုလို အဲ့တာပဲသုံးနေကြပြီး ‌လူငယ်တွေတိုင်းရဲ့အနားယူချိန်က Telegram မှာကုန်ဆုံးနေကြတယ်

ကိုယ်ပိုင် channel တွေထောင်လို့ရပြီး စကားပြောလို့ပါရတဲ့အပြင်ကို ဇာတ်ကားတွေကအစ ကြည့်လို့ရတဲ့အတွက်ကြောင့် လူကြီးတွေရော ကလေးတွေပါ အကြိုက်

jake တို့ကျောင်းမှာလည်း လူတိုင်းကအဲ့တာပဲသုံးနေကြတယ် ဟိုလူ့ကိုကြည့်လည်း ဒါပဲ ဒီလူ့ကိုကြည့်လည်း ဒါပဲ ဆိုတော့ သူလည်းသုံးရမလားလို့ တွေးမိပေမယ့် ကျောင်းသားဟာ စာနဲ့‌အရမ်းဝေးတာမကောင်းဘူးလေ

မျက်မှန်ကိုပင့်တင်လိုက်ပြီး စာဆက်လုပ်နေလိုက်တယ် အရှေ့မှာဆရာကစာသင်နေပေမဲ့လည်း လူတိုင်းကဖုန်းခိုးသုံးနေကြတာချည်းပဲ

ကျောင်းမှာလည်း တွေ့နေရတဲ့လူတွေကို ဘာလို့များ လက်အညောင်းခံပြီး စာတွေရေးနေကြတာပါလိမ့်

Jake ရဲ့အနောက်ခုံက ဒန်နီရယ်က ပြောလာတယ်

" ဟေး Jake မင်း သုံးလား Telegram "

Jake ကတော့ခေါင်းခါပြလိုက်တယ်

ဒန်နီရယ်ကသူ့ကိုနှာခေါင်းရှုံ့လိုက်တယ် ခေါင်းတွေတတွင်တွင်ခါပြီး ဖုန်းဆက်သုံးနေလိုက်တယ်

Jake လည်း ရယ်လိုက်ပြီး အရှေ့ကိုပြန်လှည့်လိုက်တယ် သူ့သူငယ်ချင်းက အဲ့လိုသာဆိုတယ် တကယ်တမ်းကျရင် ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းကြီးပါ

ကျောင်းသားတွေအပျော်ဆုံးအချိန်ကိုပြောရမည်ဆိုရင် ကျောင်းဆင်းချိန် ဆရာကျောင်းမလာတဲ့အချိန် အစည်းအဝေးရှိတဲ့အချိန် နားချိန် အားကစားအချိန် ~~~~~

ကလင် ကလင် !!!

" စာတွေလုပ်ထားကြတော့ နှစ်ကုန်စာမေးပွဲကနီးနေပြီ ကြားကြလား !!! "

" ဟုတ် :( "

စိတ်ပျက်တဲ့အသံနဲ့တယောက်တပေါက်အော်ကြအပြီးမှာ ဆရာကအပြင်ကိုထွက်သွားခဲ့တယ် အခုတော့နားချိန်ပေါ့

Jake လည်းစာအုပ်တွေကိုသိမ်းလိုက်တယ်

ဘာလို့ဆို ကျန်တဲ့ကျောင်းသားတွေ အလျှိုလျှို အပြင်ကိုထွက်ကုန်ကြပြီ သူတယောက်တည်းကျောင်းခန်းထဲမှာကျန်နေခဲ့တာကြီးက တမျိုးမကောင်းဘူး

O M G ? Where stories live. Discover now