O M G

196 34 0
                                    

အချိန်တွေကြာလာပြီးနောက်မှာ

jake လည်း နေကောင်းပြီးသက်သာလာတယ်

ဆရာ၀န်တွေရောမိဘတွေပါပျော်ရွှင်နေကြတာတယ်

အကုန်လုံးက Sunghoon ကျေးဇူးကြောင့်ဆိုရင်ပိုမှန်မှာပေါ့

" sunghoon ဒီနေ့ဆရာ၀န်ကပြောတယ် ဆေးတွေသောက်စရာမလိုတော့ဘူးတဲ့ "

" ဟုတ်လား တော်တာပေါ့ Jaeyun က "

ချက်ချင်းပြန်တဲ့စာကြောင့် Jake ရဲ့အပြုံးတွေဟာဖုံးဖိလို့မရပါ

" ညကျရင်ပြောစရာရှိတယ် Sunghoon ကို "

အရဲစွန့်ပြီးပို့လိုက်တဲ့စာတကြောင်းမှာ အဲ့စာရဲ့ အဓိပ္ပာယ်ကို ပို့တဲ့လူကိုယ်တိုင်သာသိသည်

" ဟုတ်လား ဘာများလဲနော် ^^) "

" >∆< "

အမှန်တော့ jake ညကျရင် ဖွင့်ပြောဖို့စဉ်းစားထားပါတယ်

ရူးကြောင်ကြောင့်တော့နိုင်ပါတယ် ဘာလို့လဲဆိုရင် တခါမှမမြင်ဖူးပါပဲနဲ့ ချစ်မိသွားခဲ့တာလေ

လိမ္မာတယ် လို့ပြောလိုက်ရင် အဲ့တာခင်များကြောင့်လို့ အရမ်းပြောချင်မိတာကိုက အထူးတဆန်းပါပဲ

jake သက်ပြင်းချလိုက်တယ် အိမ်ကလူတိုင်းရော ကျောင်းကလူတိုင်းရော သူကဘယ်သူလဲလို့မေးနေကြတယ်

jake ကတော့ ရေရေရာရာအဖြေမပေးခဲ့ပါ သူ့ကို sunghoon ကပြန်ကြိုက်မှာပါဆိုတဲ့ ခံစားချက် ကြိုသိနေသလိုမျိူး

ဒေါက်ဒေါက်ဒေါက်*

" ၀င်ခဲ့ပါ

jake ရဲ့အမေ၀င်လာတာကိုတွေ့တော့ jake စိတ်လှုပ်ရှားသွားခဲ့တယ် အမေဟာအမြဲအလုပ်များနေလို့သူ့ကို သိပ်အချိန်မပေးတာ ငယ်ငယ်ကတည်းကပင် အခုလာတွေ့တယ်ဆိုတော့ ထူးထူးဆန်းဆန်း..

" သားလေး အမေအမြဲအလုပ်များနေလို့လာမတွေ့နိုင်တာကိုတောင်းပန်ပါတယ် "

လို့ပြောပြီးလာဖက်တဲ့မိခင်ကြောင့် Jake သေချာပြန်ဖက်လိုက်ပြီး ပြုံးမိတယ်

" ရပါတယ် သားလည်းနေကောင်းနေပါပြီ "

" ဟုတ်လား သား.......... သားမှာ.....ချစ်ရမဲ့လူရှိနေပြီလား "

ထူးဆန်းတဲ့မေးခွန်းကိုမေးလာတဲ့ အမေကြောင့် Jake မျက်နှာနီရဲသွားတယ်

" ဘာလို့မေးတာလဲဟင် "

" အော် ရုတ်တရပ်ကြီး နေပြန်ကောင်းဖို့ဆိုတာ မလွယ်ဘူးလေသား ပြီးတော့ သားကတယောက်ယောက်နဲ့အမြဲစာပို့နေတယ်တဲ့ "

jake လက်တွေကိုပွတ်သက‌်နေမိတယ်

" သားမှာချစ်ရမဲ့လူတော့ရှိပါပြီ ဒါပေမယ့် တဖက်သတ်ပါ ပြီးတော့ သူက ယောင်္ကျားလေး....."

jake နောက်ဆုံးစာလုံးမှာအသံတိမ်၀င်သွားခဲ့တယ် များသောအားဖြင့် သိပ်လက်မခံကြတဲ့ခေတ်ကြီးမလား

" အော် ယောင်္ကျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်ပါ သားပျော်ရင်ကျေနပ်ပါပြီ သားဖွင့်ပြောလိုက်တော့လေ "

အမေက သူ့ကျောကိုပုတ်ရင်းပြောလာတော့ Jake ရှက်ရပြန်ပါတယ် ၀မ်းသာတာလည်းပါပါတယ် လက်မခံဘူးထင်ခဲ့တာ

ဒါနဲ့သား ချစ်ရတဲ့လူက နာမည်ကဘာလဲ အသက်ကရော အလုပ်အကိုင်တွေဘာတွေရှိပြီလား "

ဒီစကားမှာ Jake မျက်လုံးတွေလှုပ်ရှားရာကရပ်တန့်သွားတယ်

ချစ်ရတဲ့  " လူ "  ......?

ဆောင်းရာသီဖြစ်တဲ့အတွက် ညဉ့်နက်တာ မြန်လာတယ်

Jake မှောင်ရိပ်သန်းလာတဲ့ ကောင်းကင်ကြီးကိုကြည့်ရင်း မျက်စိမှိတ်လိုက်တယ်

နားကိုပဲစွင့်ထားမိတော့ သစ်ပင်ကငှက်က‌ေလးတွေရဲ့အသံက နား၀င်ချိုသာလိုက်တာ

အတွေးထဲ၀င်လာတဲ့ အတွေးတခုကြောင့် ရင်ထဲမှာ ဆစ်ကနဲဖြစ်သွားပေမယ့် ပြုံးလိုက်တယ် နောက်တော့ဖုန်းကိုထုတ်လိုက်ပြီး စာရိုက်လိုက်တယ် ဘယ်သူ့ကိုလဲဆိုရင်တော့ တစ်ဦးတည်းသော လေးဆီပေါ့

" ဟိုင်း "

" hi Jaeyun "

Jake အသက်ကိုပြင်းပြင်းရှုလိုက်တယ်

" ပြောစရာရှိတယ် "

" ပြောလေ "

" ငါမင်းကိုချစ်မိနေပြီ "

Jake အသက်ရှုရတာတောင်ခက်ခဲလာသလိုလိုဖြစ်လာခဲ့တယ် စကားအများကြီးမဟုတ်ပေမဲ့ ပြောဖို့ခက်ခဲတယ်

sorry we don't have any answers for this question

Jake ရယ်လိုက်တယ် မျက်ရည်တွေကိုတော့ပြောမနေပါနဲ့တော့ .…...

O M G ? Where stories live. Discover now