O M G

274 46 1
                                    

" အချိန်အားဖြင့် ည ၁၀ နာရီ

Jan 6 ရက်နေ့ 

ဒန်နီရယ်ဟာ အက်ဆီးဒင့်ဖြင့်သေဆုံးသွားခဲ့ပါပြီ "

ဆွေမျိုးသားချင်းတွေရဲ့အော်ငိုသံတွေနဲ့ မေ့လဲသွားတဲ့ ဒန်နီရယ် အမေ ငိုယိုပြီး အော်ဟစ်ပြီး ဆရာ၀န်ကို ကိုင်ပေါက်တော့မတတ်ဖြစ်နေတဲ့ သူတို့အစ်ကိုနဲ့အစ်မ

ဘာလို့အဲ့လောက်လျှင်မြန်သွားလဲ Jake မသိပါ

ဒီနေ့ မနက်က ဒန်နီရယ်နဲ့သူနဲ့ အများကြီး စကားတွေပြောပြီး ပုံမှန်နေ့လိုဖြတ်သန်းခဲ့ကြတယ်

ကံတရားကမျက်နှာသာမပေးပဲ တစ်ဦးတည်းသော သူငယ်ချင်းလေးကို ခေါ်ဆောင်သွားခဲ့တဲ့အတွက် Jake မှာ စကားမရှိတော့ပါ

သတင်းကြားကြားချင်း ညအိပ်၀တ်စုံကြီးနဲ့ ရောက်ချလာတဲ့ သားဖြစ်သူသူငယ်ချင်းကြောင့် ဒန်နီရယ်အမေ  jake ကိုဖက်ပြီး ပိုငိုမိတော့တယ်

Jake ကတော့ တောင့်တောင့်ကြီးရပ်နေဆဲ နေရာကနေ တစက်လေးမှမလှုပ်ခဲ့

သူ့ကိုစနေကြတာဟုတ်တယ်မလား ?

အသုဘပွဲလုပ်တဲ့နေ့အထိ jake အသိစိတ်မကပ်ခဲ့ပါ

လုံး၀ကို

Jake အမေနဲ့အ‌ေဖလည်း အသံတိတ်မျက်ရည်ကျလျက် တဖက်က သားသူငယ်ချင်းမိခင်ဖြစ်သူကို အားပေးနေပေမယ့် စိတ်ကတော့လုံး၀မကောင်းပါ

တစ်ရက်

နှစ်ရက်

သုံးရက်

လေးရက်

ငါးရက်

ခြောက်ရက်

‌ခုနှစ်ရက်

တပတ်

နှစ်ပတ်

" Jake စိတ်အခြေအနေက မကောင်းမွန်ဘူး "

Jake ရဲ့အမေက မျက်ရည်တွေကိုသုတ်ရင်း နားထောင်နေတယ်

" ကျွန်မသာ‌းလေးကိုဘယ်လိုလုပ်ရမလဲ ဒေါက်တာရယ် ကယ်ပါ တောင်းပန်ပါတယ် လိုချင်တာအကုန်ပေးနိုင်ပါတယ် စည်းစိမ်အကုန်ဆိုလည်း ယူပါ သားလေးကိုကုပေးပါဦး "

မိဘတယောက်ရဲ့ မေတ္တာကိုနားလည်တဲ့ ဒေါက်တာ က သက်ပြင်းချလိုက်တယ်

O M G ? Where stories live. Discover now