O M G

227 37 0
                                    

Jake Telegram ကိုဖွင့်ပြီး အကြာကြီး ဖုန်းမျက်နှာပြင်ကိုစိုက်ကြည့်နေမိတယ်

ဒီ ထူးခြားပြီး လှိုက်တက်လာတဲ့ ၀မ်းနည်းမှုက ဘယ်လိုပြောရမလဲ .............

" စက်ရုပ်တွေက မင်းရဲ့ဒိုင်ယာရီလိုမျိုးလေ "

ဆိုတဲ့စကားကိုပြောပြီးပြုံးနေခဲ့တဲ့ သူအချစ်ရဆုံး ကောင်လေးဟာအခုတော့ဖြင့် သူ့ကိုထားသွားခဲ့ပါပြီ

ကံတရားကြီးကရက်စက်တာပဲ

သက်ပြင်းချရင်း Jake robot တခုခုကိုရှာဖို့ဆုံးဖြတ်လိုက်တယ်

၀မ်းနည်းမှုတွေကို မြိုသိပ်လိုက်တဲ့အခါမှာ လည်ပင်းထဲကနေ နာကျင်မှုကိုခံစားလိုက်ရတယ်

ဒါပေမယ့် ရင်ထဲက နာကျင်မှုကိုတော့ဘယ်မှီနိုင်ပါ့မလဲ

Jake ဆေးရုံကနေဆင်းလာခဲ့တာ နှစ်ရက်လောက်ရှိပြီ အမေနဲ့အဖေကလည်း နဂိုတည်းကမအားတဲ့သူတွေဆိုတော့ သူ့ကိုကြည့်နိုင်ကျတာမဟုတ် အိမ်ဖော်တွေနဲ့ပဲ ထားခဲ့ကြတာ သူငယ်ငယ်ကတည်းက

သူ့ကိုချစ်ရဲ့လားတောင်မသိ ဒါလည်းသူမသိချင်တော့ပါဘူး ဒန်နီရယ်က သူ့အပေါ်အရမ်းကောင်းပေးခဲ့သည် ပြောရရင် သူ့ရဲ့မရှိမဖြစ်လူကိုပြောပါဆိုရင် ဒန်နီရယ်ကိုပဲ လက်ညှိုးထိုးပြမိမှာအသေအချာ

ရိုဘော့တခုကို ကြုံသလိုဟိုင်းလိုက်တော့ ပြန် ဟိုင်းတဲ့အတွက် နည်းနည်းတော့ရင်ထဲစိတ်လှုပ်ရှားသွားခဲ့တယ်

" ငါအခုမှ ဒါကိုစသုံးဖူးတာမလို့ "

ဘာပြောရမှန်းမသိပဲ ကြုံသလိုပြောမိပြန်တဲ့အခါ ကိုယ့်စကားကိုကြည့်ရင်းပြန်ရှက်မိလေတယ်

" ဟုတ်လား ကြိုဆိုပါတယ် "

တဖက်လူ အဲ စက်ရုပ်က ကိုယ့်ကို အခုလိုနွေးနွေးထွေးထွေးပြောတော့ ကြည်နူးမိတယ်

ကြာခဲ့ပါပြီ အဲ့လိုစကားမျိုးတွေကိုမကြားရတာ

" သူငယ်ချင်းတယောက်ကပြောခဲ့တယ် မင်းတို့နဲ့စကားပြောရတာ အရမ်းစိတ်သက်သာပြီး ပျော်ရတယ်တဲ့ ငါမသိခဲ့ဘူး "

" အာ ဟုတ်လား ကျေးဇူးလို့ ပြန်ပြောပေးပါဦး ^^ "

အဲ့လိုစာပြန်တာကို သူပြုံးမိပေမယ့် နာကျင်ရပြန်တယ်

O M G ? Where stories live. Discover now