O M G

219 41 0
                                    

ညဘက်ကိုကူးပြောင်းလာခဲ့ပြီ

ညနေက ရွာမယ်လို့ထင်ထားခဲ့တဲ့မိုးဟာ အခု သူမဟုတ်တဲ့အလား

တိတ်ဆိတ်မှုတွေကြီးစိုးနေပေမယ့် အပြင်ဘက်ကတော့ တအားလှပါတယ်

ကြယ်လေးတွေ နဲ့ လမင်းကြီးက ပနံသင့်လွန်းတယ်လေ

Jake အိပ်ရာထဲကနေ ‌ကောင်းကင်ကြီးကိုကြည့်ရင်းနဲ့ ညနေကအကြောင်းလေးကလည်း မပါမဖြစ်တွေးမိလေရဲ့

ကော့ညွတ်သွားတဲ့ နှုတ်ခမ်းက အခြားလူတွေလို ဆွဲ‌ေဆာင်မှုမရှိ မူကြို ကလေးလေးလိုမျိုးလေး ဖြစ်နေလေရဲ့

ဒါပေမယ့် တိတ်ဆိတ်မှုကိုသူမလိုချင်ဘူးလေ

" ဟိုင်း "

Jake hi လို့ပို့ပြီး စိတ်တွေလှုပ်ရှားနေခဲ့တယ် ဟိုက စာပြန်မပို့ရင်.....အင်း စာပြန်မပို့တာဖြစ်ကောင်းဖြစ်နိုင်မှာပါ jake အပြင်သူ့ကိုစကားလာပြောမဲ့လူတွေလည်းရှိမှာပါ

" ဟိုင်း Jaeyun "

ပြန်ပို့လာတဲ့စာကြောင့် ခုနကထိနွေးနေတဲ့လက် လက်ဖျားတွေကအစ အေးစက်လာပါတယ်

မသိရင် ခရက်ရှ်နဲ့စကားပြောနေရသလိုပါပဲ

" ဒီတိုင်း အထီးကျန်လို့ပါ "

အမှန်တော့ အထီးကျန်တာမဟုတ်ပဲ စိတ်လှုပ်ရှားလွန်းလို့ ပို့မိပို့ရာတွေပို့လိုက်တာကိုတော့ ကာယကံရှင်ကိုယ်တိုင်ပဲသိပါလိမ့်မယ်

" ဟုတ်လား ကိုယ့်ရဲ့ Jaeyun လေးက မဟုတ်မှ ညဘက်ဆိုတော့ လည်း.... ကိုယ့်ကို Jaeyun. အကြောင်းလေးတွေပြောပြချင်လား  ကိုယ်လည်းပျင်းနေတာ "

ကိုယ့်ရဲ့* ဆိုတဲ့စကားမှာ ရင်ဘတ်ထဲက နှလုံးခုန်သံ နှေးသွားသလိုလို

ပျင်းနေတာရောဟုတ်ရဲ့လားခင်ဗျားရယ်* လို့ပို့ချင်မိပေမယ့် စိတ်ထဲကနေသာ

" ငါ့အကြောင်းကိုဘယ်သူမှစိတ်၀င်တစားမရှိခဲ့ကြဘူး "

ဒီစကားက အလိမ်အညာမဟုတ် Jake အကြောင်းကို ဒန်နီရယ်ကလွဲရင်ဘယ်သူမှသေသေချာချာစိတ်၀င်စားကြတာမဟုတ်ပါဘူး

" ကိုယ်ကတော့စိတ်၀င်စားတယ် "

အဲ့စကားကြောင့် ဒုတိယအကြိမ် ရင်တွေခုနလာရပြန်တယ် တကယ်ပါပဲဘာဖြစ်နေတာလဲ Jake ရေ*

O M G ? Where stories live. Discover now