part 10 uni

2.8K 92 2
                                    

ရွှေလက်ဖြင့်သာ ခေါ်တော်မူ
(အပိုင်း ၁၀)

စိတ်တိုလို့သာ အော်ဟစ်လိုက်ပေမဲ့ ဖျားနေသည့်ကြားကနေ ခင် ကျိန်းမောင်းသမျှကိုခံပြီး အိပ်ပျော်သွား၍ စိတ်တော့မကောင်းပေ။ ဖျားရသည့်အကြောင်းကလည်း ခင့်ကြောင့်ဆိုသည်မှာ ရှင်းပြစရာမလိုဘဲ ဒဏ်ရာကြည့်ရုံနဲ့ သိသာနေလေသည်။ အနာပေးလိုက် ဆေးပေးလိုက်လုပ်သည့် မိန်းမဟု ခင့်ကို ပြောကြတော့မည်မှာ မလွှဲပေ။

အိပ်ပျော်နေသည့် ချစ်လွန်းကိုကိုကြည့်ပြီး ခင် သက်ပြင်းအခါခါချပြီး ရေမိုးချိုးဖို့ ပြင်ဆင်ပြီးကာမှ ရေချိုးသည့်နေရာကို သတိရပြီး ရှေ့ဆက်ဖို့ခက်သွားလေသည်။ အလုပ်ဆင်းနေ၍ ခင် အိမ်ပြန်နောက်ကျခဲ့သည်။ ပြန်လာတော့ ချစ်လွန်းကိုက တစ်ခါဖျားနေ၍ ဆေးတိုက်ရတာနှင့် ရေချိုးဖို့မေ့နေခဲ့သည်။ သတိရမှ ချိုးဖို့ပြင်ဆင်တော့ အတော်လေးလည်းမှောင်ကာ မိုးလည်းချုပ်နေတာကို သတိရသွားမိသည်။ နောက်ပြီး ခင်သည် သူများတစ်ကာလို ပေါ့ပေါ့ပါးပါးလည်းမဟုတ် ကိုယ်ဝန်ဆောင်လည်း ဖြစ်နေပြန်သည်။ ညဘက်ရေချိုးမှားပြီး ကလေးကို ရေပေါင်ပြီး မွေးတတ်သည်ဟူ၍ ကြားဖူးကာ ရေချိုးဖို့ပြင်ထားသည့် သပတ်ကို ပြန်ချရင်း အကျီ်ပြန်လဲထားလိုက်တော့သည်။

ခုတင်ပေါ်ကို တစ်ချက်ကြည့်လိုက်တော့ ချစ်လွန်းကိုက ဖျားသည့်အရှိန်နှင့် အိပ်လို့ကောင်းနေစဲပင်။ နေမကောင်းတဲ့သူမို့ ခုတင်ပေါ်မှာ သူ့တစ်ယောက်တည်းကိုပဲ လွတ်လွတ်လပ်လပ်အိပ်စေပြီး ခင်က တခြားတနေရာမှာ အိပ်ပေးဖို့ တွေးမိရာ နေရာကိုစဥ်းစားတော့ ခေါင်းထဲက ထွက်မလာပေ။ အပေါ်ထပ်မှာက သွားအိပ်လို့မဖြစ်၊ ပြီးခဲ့သည့်တစ်ခေါက်လို ထပ်ဖြစ်လျှင် ခင့်ဗိုက်ထဲက ကလေးအန္တရာယ်များသည်မို့ အပေါ်ထပ်ကိုတော့ လုံးဝလျစ်လျှူရှူထားလိုက်သည်။

နောက်ဆုံးတော့ ခုတင်ဘေးမှာပဲ စောင်ပါးတစ်ခုခင်းကာ အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ပျဥ်ပါးခင်းထားသည့် ကြမ်းခင်းမို့ ကျောတော့နာလေသည်။ ချစ်လွန်းကို မနေ့ကအိပ်သလို သေတ္တာပေါ်ထိုင်ပြီး ခေါင်းကိုခုတင်စောင်းပေါ်တင်အိပ်ဖို့ လုပ်ကြည့်သေးပေမဲ့ ခင့်အတွက်ကြတော့ အဆင်မပြေပေ။ ခါးကိုအကြာကြီးကုန်းလိုက်သည်နှင့် ဗိုက်ထဲမှာ တစ်ခုခုထောက်နေသလို ဖြစ်နေလေသည်။ ဒီတော့ ကျောနာလျက်ပင် ကြမ်းခင်းပေါ်မှာ အိပ်စက်ရတော့သည်။

ရွှေလက်ဖြင့်သာ ခေါ်တော်မူWhere stories live. Discover now