Zgyi

765 7 1
                                    

(အပိုင်း ၁၆)

လမ်းမှာချစ်လွန်းကို ပြောခဲ့သည့်စကားတွေကြောင့် ခင် အလုပ်ကိုရောက်သည်ထိ အတွေးတွေလွန်နေမိသည်။ ခင့်ဘက်က မှားခဲ့သည်ဟူ၍ မရှိဟု ထင်ခဲ့သမျှ ချစ်လွန်းကို၏ စကားကြားရပြီးနောက် ခင့်ကိုယ်ခင် မှားပြီလားဆိုသည့် အတွေးဝင်လာလေသည်။ သို့သော် ချစ်လွန်းကိုအစ်မတွေအကြောင်း စဉ်းစားမိသည်နှင့် ခင့်ဘက်က မလွန်ကြောင်းသာ တွေးမိလေသည်။

"အစ်မခင် နေမကောင်းဘူးလား"

တစ်နေကုန်မှိုင်နေသည့် ခင့်ကို ငွေနှင်းမှုန်က လက်ကလေးတို့ပြီးမေးလာလေသည်။ ခင်က ခေါင်းလေးခါပြီး ငြင်းပြ၏။

"အစ်မခင် မနက်ကတည်းက မှိုင်နေတယ်နော်၊ အိမ်မှာ စိတ်ညစ်စရာရှိလို့လားဟင်"

"ဒီလိုပါပဲ မှုန်ရယ်။ အိမ်ထောင်သည်ဆိုတော့ မိသားစုအပူလေးတွေက နည်းနည်းတော့ရှိတာပေါ့"

"ရှိလည်း အကြာကြီးတော့ စိတ်မညစ်နဲ့နော် အစ်မခင်၊ တော်ကြာ ဗိုက်ထဲက ကလေးမျက်နှာလေးရှုံ့မဲ့နေလိမ့်မယ်"

"ဟမ်....ဘာလို့လဲမှုန်ရဲ့"

ခင်က မသိလို့ပြန်မေးလျှင် မှုန်က နှာခေါင်းလေးရှုံ့ပြက ခင့်ကိုမျက်စောင်းလေးထိုးလိုက်၏။

"အစ်မခင်ကလည်း ကလေးအမေပဲဖြစ်တော့မယ် ကလေးလေးနဲ့ပတ်သတ်ပြီး ဘာမှလည်းမသိဘူး"

"ခင်က စာအုပ်တွေဘာတွေ မဖတ်ဖြစ်တော့ မှုန့်လောက်မသိဘူး။ ကဲ....စာကြမ်းပိုးလေး မှုန်ကပဲ ကလေးနဲ့ပတ်သတ်တာတွေ ခင့်ကိုပြောပြလေ။ ခင်က နားထောင်ပေးမယ်"

စောစောက ချစ်လွန်းကိုကြောင့် တစ်နေ့လုံးစိတ်ညစ်နေသည့် ခင် အခုတော့ မှုန်နှင့်လေပေးဖြောင့်နေ၍ စိတ်ညစ်တာ တစ်ဝက်လျော့သွားလေသည်။ မှုန်ကလည်း အိမ်ထောင်မရှိပေမဲ့ ဟိုဟိုသည်သည် နှံ့နှံ့ဆန့်ဆန့်သိ၍ ဆရာလုပ်ဖို့အသင့်ဖြစ်နေလေသည်။

"ဒီလိုအစ်မခင်ရဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ တတ်နိုင်သမျှ စိတ်ကိုကြည်အောင် ထားရတယ်။ မိခင်က စိတ်မရွှင်မလန်းဖြစ်နေရင် ဗိုက်ထဲက ကလေးကလည်း မရွှင်မလန်းဖြစ်တတ်တယ်။ အမေက ငိုရင် ကလေးလေးကလည်း ဗိုက်ထဲကနေ လိုက်ငိုတတ်တယ်တဲ့"

ရွှေလက်ဖြင့်သာ ခေါ်တော်မူWhere stories live. Discover now