22 uni

2.9K 98 2
                                    

ရွှေလက်ဖြင့်သာ ခေါ်တော်မူ
(အပိုင်း ၂၂)

"မမခင်..."

"ဘာလဲ"

"မမခင်အိမ်က ပြန်လာတော့ ဘာလို့ငိုလာတာလဲ၊ အိမ်က တစ်ခုခုပြောလိုက်လို့လား"

"ဘာမှမဟုတ်ပါဘူး..."

ခင်က ဘာမှမဟုတ်ဘူး ပြောသော်လည်း ခင့်မျက်နှာမှာ ဝမ်းနည်းမှု အရိပ်အယောင်များက လွှမ်းခြုံသွားလေသည်။

"တစ်ခုခုပြောလိုက်လို့လား"

"ငါမပြောချင်ဘူးချစ်လွန်းကို"

"ကျွန်တော့်ကိုမှမပြောရင် မမခင် ဘယ်သူ့ကိုပြောမှာလဲ"

"ဒါပေမဲ့.."

"ဒါပေမဲ့ ဘာဖြစ်လဲ"

"ငါပြောတဲ့စကားကြားရင် နင်ငါ့မိဘတွေကို မုန်းသွားနိုင််တယ်။ အဲ့ဒါကြောင့်ငါမပြောချင်ဘူး"

"ကျွန်တော် မမခင်တို့မိသားစုကို အမြင်မကြည်ခဲ့ပေမဲ့ မုန်းနေခဲ့ရလောက်တဲ့ထိတော့မဟုတ်ပါဘူး။ ဘာလဲ မမခင်အိမ်က ကျွန်တော်နဲ့မပေါင်းဖို့ ပြောလိုက်လို့လား"

အကြားအမြင်ရနေသလားဟု ထင်ရလောက်အောင် ချစ်လွန်းကိုစကားက မှန်နေလျှင် ခင် ဘာမပြောနိုင်တော့ပေ။ ခေါင်းသာညိတ်ပြလိုက်၏။

"ကျွန်တော်သိသားပဲ ...မမခင်ရဲ့ မောင်နှမတွေ လာခေါ်တာ ကျွန်တော်မပါဘူးဆိုကတည်းက ရိပ်မိသားပဲ။ အဲ့ဒါကြောင့် မမခင်ပြန်မလာစိုးပြီး အိမ်ရှေ့ထိလိုက်လာခဲ့တာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဆီပြန်လာခဲ့ပေးလို့ ကျေးဇူးတင်တယ်"

"နင်စိတ်မဆိုးဘူးလား"

"ဘာလို့စိတ်ဆိုးရမှာလဲ၊ မမခင်မိဘတွေ ကျွန်တော့်ကို သားမတ်မတော်ချင်လည်းနေပေါ့။ မမခင်တစ်ယောက်လုံးကို ရထားပြီးပြီပဲ ဘာလိုသေးလို့လဲ"

မယုံနိုင်လောက်တဲ့ စကားတွေကြောင့် ခင် မျက်ရည်ဝဲမိလေသည်။ ခင့်ကိုမုန်းလှပါသည်ဟု ကျိန်းဝါးခဲ့သည့်ယောကျ်ားက အခုလို ချစ်ပေးလိမ့်မည်ဟု ခင်အိပ်မက်ပင် မမက်ခဲ့ပေ။

"တကယ်တော့လေ....ငါနင့်ဆီပြန်မလာဖို့လုပ်ခဲ့သေးတယ်"

"ဘာ...."

ရွှေလက်ဖြင့်သာ ခေါ်တော်မူWhere stories live. Discover now