ရွှေလက်ဖြင့်သာ ခေါ်တော်မူ
(အပိုင်း ၂၁ )ခင့်မှာ ရှေ့ဆက်ဖို့ခြေလှမ်းများက ရပ်တန့်နေရသည်မှာ ချစ်လွန်းကိုကြောင့်ပင်။ အမွေဖြတ် စွန့်ပြစ်ထားသည့် မိဘက ပြန်ခေါ်သည်ဆို၍ ခင်ဝမ်းသာရသလို နေမကောင်းဘူးဆိုသည့် သတင်းကြောင့် သွားလည်းတွေ့ချင်မိသည်။
"ငါပြန်လာခဲ့မယ်...ခဏပဲ"
"ကျွန်တော် ယုံရမှာလား"
"နင့်သဘောလေ"
ယောကျ်ားတန်မဲ့ မိန်းမတစ်ယောက်လို ပျော့ညံ့ချင်နေသည့် သူ့ကို ခင်က ဒီလောက်ပဲ ပြောကာ လိုက်သွားဖို့ပြင်နေသည်။ သူ့ကို နည်းနည်းလေးတောင် ထပ်ပြီး နှစ်သိမ့်ပေးဖို့အစီစဥ်မရှိပေ။
"ကျွန်တော်ပါ လိုက်လို့မရဘူးလား"
"ကိုယ်တို့အိမ်က ရူဘီ့အတွက်ပဲ တံခါးရှိတယ် မောင်ချစ်လွန်းကို"
"ကိုဥက္ကာ..."
သူ့ကို မောင်ဖြစ်သူက မတူမတန်သလို ပြောလိုက်တော့လည်း ခင့်မှာ မနေနိုင်ဘဲ ဥက္ကာကိုဝင်တားလိုက်ရသည်။
"သန္တာတို့လာခေါ်တာ ရူဘီ့ကို၊ ရူဘီ့ရဲ့အစွယ်အပွားတွေမပါဘူး ရူဘီ။ မာမီကြီးကလည်း သေချာမှာလိုက်တယ် ရူဘီ့တစ်ယောက်တည်းကိုပဲ တွေ့ချင်ပါတယ်တဲ့။ အဲ့ဒါကြောင့် အပိုလူတွေ မလိုက်စေချင်ဘူး ရူဘီ"
"ခင်ကရော သူ့ကို ခေါ်နေလို့လား သန္တာ၊ စိတ်ချ မာမီကြီးခွင့်မပြုရင် ခင် ဘယ်သူ့ကိုမှမခေါ်ပါဘူး"
"ဒါဆိုလည်း သွားရအောင်"
အရှေ့ကနေ ထွက်သွားကြသည့် မောင်နှမသုံးယောက်ကိုကြည့်ပြီး ချစ်လွန်းကို ခင့်မျက်နှာကို ကြည့်လိုက်မိသည်။ ခင်က ငါပြန်လာမှာဆိုသည့် အကြည့်တွေနဲ့ ကတိစကားပေးနေပေမဲ့ သူ စိတ်မချနိုင်ဖြစ်နေသည်။
"မမခင်...တကယ်ပြန်လာမှာပါနော်"
"ငါစကားတစ်ခွန်းကို လွယ်လွယ်မပြောတတ်ဘူး။ နင့်ဆီပြန်လာမယ်လို့ ပြောခဲ့ရင် သေချာပေါက်ပြန်လာခဲ့မယ်။ မာမီကြီးကို ခဏသွားတွေ့ရုံပဲ။ "
"ကျွန်တော် မမခင်ကို ယုံပါတယ်။ ဒါပေမဲ့..."
"ဘာမှ ဒါပေမဲ့မနေနဲ့ ဟောသည့်မှာ ဘေဘီတစ်ယောက်လုံး ရှိနေတာတောင် နင်က ငါ့ကိုမယုံဘူးလား။ ကလေးအဖေမရှိဘဲ ဟိုမှာ ငါတစ်ယောက်ထဲမွေးမယ်လို့ ထင်နေလား"
YOU ARE READING
ရွှေလက်ဖြင့်သာ ခေါ်တော်မူ
Romanceမိသားစုရဲ့ ဥပေက္ခာတွေကြောင့် ဆိုးသွမ်းနေတဲ့အမျိုးသမီးနဲ့ သူမကို နည်းနည်းလေးမှကြည့်မ ရသည့် ကောင်လေးတို့ မထင်မှတ်ထားဘဲမှားမိရာကနေ သူတို့နှစ်ယောက်ဘဝထဲကိုကလေးလေး ရောက်လာသောအခါ...